တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၁၈ ပေကျင်း ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကိုမဟာပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၃ ရက် ညနေပိုင်းကကျင်းပခဲ့ရာတရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်ကတက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။
ထိုသို့ မိန့်ခွန်းပြောကြားရာတွင် သမ္မတရှီ က “လုပ်ဆောင်ချက် ၈ ခု” ကိုအဆင်ပြေချောမွေ့စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံကအစိုးရမှကူညီထောက်ပံ့ခြင်း၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊လုပ်ငန်းများပူးပေါင်းရင်းနှီးမြှုပ်နှံခြင်းဖြင့် အာဖရိကတိုက်အားအမေရိကန် ဒေါ်လာဘီလီယံ ၆၀ထောက်ပံ့မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ၎င်းတို့အနက် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကိုအလွတ်ထောက်ပံ့ခြင်းသို့မဟုတ် အတိုးမဲ့ သို့မဟုတ် အတိုးနှုန်းသက်သာစွာဖြင့် ကူညီပေးမည်ဟူ၍လည်းကောင်း ၊ ဒေါ်လာဘီလီယံ ၂၀ ကို credit linesအနေဖြင့် လည်ကောင်း၊ ဒေါ်လာ ၁၀ ဘီလီယံကိုတရုတ်-အာဖရိကဖွံ့ဖြိုးရေးရန်ပုံငွေ အဖြစ်လည်းကောင်း၊ ဒေါ်လာ ၅ ဘီလီယံကိုအာဖရိကသွင်းကုန် ကုန်သွယ်ရေးပူးပေါငးဆောင်ရွက်မှုဆိုင်ရာရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖြစ်လည်းကောင်း ၊ အနာဂတ် ၃ နှစ်တာကာလအတွင်းတရုတ်လုပ်ငန်းများအာဖရိကတိုက်၌ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၁၀ ဘီလီယံထပ်မနည်းရှိအောင် တွန်းအားပေးရန်အတွက် လည်းကောင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုသမ္မတရှီက ပြောကြားခဲ့သည်။
(Xinhua)