ဟန်ကျိုး၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
အလီဘာဘာအား ပူးတွဲတည်ထောင်သူနှင့် ဥက္ကဋ္ဌ ဂျက်မာ (Jack Ma) သည် တစ်နှစ်ကြာပြီးနောက် ရာထူးမှ အနားယူတော့မည်ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတစ်စောင်တွင် စက်တင်ဘာလ ၁၀ ရက်၌ ကြေညာခဲ့ကြောင်း၊ ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ Daniel Zhang က ဘုတ်အဖွဲ့ ဥက္ကဋ္ဌနေရာအား တာဝန်လွှဲပြောင်းယူမည်ဖြစ်ကြောင် သိရသည်။
အလီဘာဘာတည်ထောင်ခြင်း နှစ် ၂၀ ပြည့်မြောက်သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်တွင် ၎င်းအနေဖြင့် အနားယူတော့မည်ဖြစ်ကြောင်း မာက “Happy Teachers’ Day” ဟူ၍ခေါင်းစဉ်ပေးထား သော စာတစ်စောင်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)