တရုတ်သံအမတ်ကြီး Hong Liang သည် ၂၀၁၈ ခုနှစ် တရုတ်နိုင်ငံသို့ ပညာတော်သင်သွားရောက်မည့် ကျောင်းသူကျောင်းသားများအတွက် ဂုဏ်ပြုနုတ်ဆက်ပွဲ ကျင်းပ

2018-09-12 17:59:13 |သတင်းအရင်းအမြစ် 云桥网

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ၂၀၁၈ ခုနှစ် တရုတ်နိုင်ငံသို့ပညာတော်သင်သွားရောက်မည့် ကျောင်းသူကျောင်းသားများအတွက် ဂုဏ်ပြုနုတ်ဆက်ပွဲကို စက်တင်ဘာလ(၁၁)ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ တရုတ်သံအမတ်ကြီး Hong Liang ၊ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်နှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်တို့လည်း တက်ရောက်ကာ အမှာစကားအသီးသီး ပြောကြားခဲ့သည်။

သံအမတ်ကြီး Hong Liang သည် တရုတ်နိုင်ငံသို့ သွားရောက်မည့် ပညာတော်သင်ဆုရ မြန်မာ့ ကျောင်းသူကျောင်းသားများအတွက် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ပညာတော်သင်သွားသော အချိန် ကာလတွင် အကျိုးရလဒ်များစွာရရှိနိုင်ရန်ကိုလည်း ဆန္ဒပြုပြောကြားသည်။ တရုတ်နှင့်မြန်မာနှစ်နိုင်ငံ၏ ပညာတော်သင်များသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုတံတားတစ်ခု ထပ်မံချိတ်ဆက်လိုက်ခြင်းဖြစ်ကြောင်း၊ တရုတ်နှင့်မြန်မာနှစ်နိုင်ငံ၏ အတူတကွ စည်ပင်သာယာဝပြော ရေးကို အကောင်အထည်ဖော်ရန်၊ တရုတ်-မြန်မာကံကြမ္မာတူအသိုက်အဝန်းကို တည်ထောင်ရန် အတွက် တက်ကြွစွာ တွန်းအားပေးနေပါကြောင်း၊ တရုတ်ဆိုရိုးစကားတစ်ခုဖြစ်သည့် လူတစ်ယောက် အား ငါးဖမ်းပညာပေးခြင်းသည် ငါးတစ်ကောင်ပေးခြင်းထက် ပိုမိုတန်ဖိုးရှိသည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သည် ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်ကာ လူတော်လူစွမ်းပေါ်ထွက်လာခြင်းသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမာခံဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံနှင့် ပေါက်ဖော်ညီအစ်ကိုအနေနှင့် မြန်မာနိုင်ငံ၏ ထူးချွန်သူ မွေးထုတ်ခြင်းအတွက် တတ်နိုင်သလောက် ကူညီပေးခြင်းဖြစ်ကြောင်း စသဖြင့် Hong Liang မှ ပြောကြားခဲ့သည်။

ဒေါက်တာအေးမြင့် ပြောကြားရာတွင် တရုတ်ပညာသင်ဆုရရှိခြင်းသည် အလွန်ကြုံတွေ့ရခဲသော အခွင့် ကောင်းတစ်ခုဖြစ်သည်။ မြန်မာ့ကျောင်းသူကျောင်းသားများသည် စာကြိုးစားသင်ယူပြီး ထူးချွန်သူဖြစ် နိုင်ရာ သူသည် ပညာတော်သင်များကို တွန်းအားပေးခဲ့သည်။ ကျောင်းသူကျောင်းသားများက တရုတ် နိုင်ငံတွင် အကျိုးရလဒ်များစွာရရှိနိုင်သည်ဟုလည်း မျှော်လင့်ပါသည်။ ထို့ပြင်၊ ဒေါက်တာအေးမြင့်သည် သူ၏ တရုတ်နိုင်ငံ Xi’an လမ်းပန်းဆက်သွယ်ရေး( Jiao Tong)တက္ကသိုလ်တွင် ဒေါက်တာဘွဲ့ရရန် ပညာတော်သင် သွားရောက်ခဲ့သည့် အတွေ့အကြုံကိုလည်း ကျောင်းသူကျောင်းသားများအား မျှဝေခဲ့ သည်။ “ မြန်မာနဲ့ တရုတ်နှစ်နိုင်ငံက ယဉ်ကျေးမှုအပြန်အလှန် နားလည်ကြတယ်။ နောက်ပြီး အစား အသောက်ဓလေ့လည်း နီးစပ်တယ်။ ခုနှစ်ပိုင်းကာလမှာ တရုတ်နိုင်ငံက ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲ့ပညာရေးအတွက် ထောက်ပံ့ကူညီမှုလည်း တိုးများလာတယ်။ ထို့ကြောင့် အချိန်ကြာလာတာနဲ့အမျှ များပြားတဲ့ကျောင်းသူကျောင်းသားက တရုတ်နိုင်ငံမှာ ပညာတော်သင်သွားရောက်နေကြတယ်”ဟု သူက ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပါဝင်တက်ရောက်သော ပညာတော်သင်များသည် တရုတ်ပညာတော်သင်ဆု ပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်မက တရုတ်အစိုးရပညာသင်ဆု ရရှိ တယ်။ အရမ်းကံကောင်းပါတယ်။ ကျွန်မက ဒီတစ်ခါ ပညာတော်သင်သွားရောက်ခွင့်ကို ကောင်းကောင်း လေးစားပြီး စာကြိုးစားသွားပါမယ်”ဟု မြန်မာ့ပညာရေးကောလိပ်မှ သန်းသန်းရီက ပြောကြားသည်။ သူမသည် ဒေါက်တာဘွဲ့ရယူရန် တရုတ် Central China Normal University သို့သွားရမည်ဖြစ်ပြီး ပညာရေးစီမံခန့်ခွဲရေးမေဂျာ သင်ယူခွင့်ရရှိသည်။ သူမသည် တရုတ်ပညာတော်သင်သွားသည့်အချိန် မှတစ်ဆင့် မိမိ၏ သုတေသနစွမ်းအားကို တိုးမြှင့်နိုင်စေမည်ဖြစ်ပြီး မြန်မာ့ပညာရေးနယ်ပယ်၏ ဖွံ့ဖြိုး တိုးတက်မှုအတွက် အကျိုးသယ်ပိုးနိုင်မည်ဟု သူမ၏မျှော်လင့်ချက်ကို ပြောပြသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006