ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်းများ အသင်းချုပ် တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် အဆိုပါအသင်းချုပ်မှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသ ကြီးအတွင်း AEON Mall ကုန်တိုက်(၄)ခု တည်ဆောက်ဖွင့်လှစ်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်းများအသင်းချုပ်မှ တာဝန်ရှိသူများအား စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ(၁)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုသို့တွေ့ဆုံစဉ်တွင် ရန်ကုန် မြို့တော်ဝန်ဦးမောင်မောင်စိုး တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)