(၆၉)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ လ(၂၆)ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဒုတိယသမ္မတဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ မြန်မာနိုင်ငံတွင် မွေးဖွားနေထိုင်သော တရုတ်မျိုးနွယ်များ၊ တရုတ်လုပ်ငန်းရှင်များ၊ မီဒီယာအဖွဲ့များမှ ပုဂ္ဂိုလ်(၁၀၀၀)ကျော်သည် အဆိုပါအခမ်းအနားသို့ တက်ရောက်ကြသည်။
တရုတ်နိုင်ငံတံခါးဖွင့်မူဝါဒကျင့်သုံးသည့်အနှစ်(၄၀)ပြည့်ခရီးတွင် လူ့အဖွဲ့အစည်း၏ ကုန်ထုတ်လုပ်နိုင်စွမ်းကို များစွာ တိုးတက်စေခဲ့ပြီး ပြည်သူပြည်သားများ၏ နေထိုင်မှုဘဝအရည်အသွေးကို တိုးမြှင့်စေကြောင်း၊ တရုတ်ထူးခြား ချက်ပါသော ဆိုရှယ်လစ်ဝါဒလမ်းကြောင်းကို ဖောက်ခဲ့ကာ လူလောက၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အကျိုးဆောင်ကျဉ်းနေကြောင်း၊ တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲခြင်း၊ တံခါးဖွင့်ခြင်း၊ တီထွင် ဖန်းတီးမှုတို့ တွန်းအားပေးဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံများအား တရုတ်လက်တွေ့ အခွင့်အလမ်းများကို အတူမျှဝေခံစားကြောင်း အခမ်းအနားတွင် တရုတ်သံအမတ်ကြီး Hongliang က ဂုဏ်ပြု ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံမှဆောင်ရွက်နေသော “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”အဆိုပြုချက်သည် တရုတ်-မြန်မာဘက်ပေါင်းစုံမှ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ရေးအတွက် သမိုင်းဝင်အခွင့်အလမ်း ဖန်တီးပေးပါကြောင်း၊ တစ်နှစ်တာအတွင်း နှစ်နိုင်ငံ ၏အကြီးအကဲများ သွားလာဆက်ဆံမှုများပြားလာပြီး “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”အတူတကွ တည်ဆောက်ရေးနှင့်ပတ်သက်ပြီး ထဲထဲဝင်ဝင် ဆွေးနွေးဖလှယ်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အတွက် အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံအဖြစ် ဆက်လက် တည်ရှိနေပြီး တရုတ်နှင့်မြန်မာအကြား“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”အဆိုပြုချက် ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုတွင် အောင်မြင်မှုသစ်ရရှိပါကြောင်း၊ တရုတ်နှင့်မြန်မာအကြားချစ်ကြည်ရေး ပိုမိုချစ်ခင်ခိုင်မြဲ လာကြောင်း၊ မြန်မာနိုင်ငံက ပြည်တွင်းငြိမ်းချမ်းရေးရရှိခြင်းဖြစ်စဉ် ရှေ့သို့ချီတက်ရာတွင် တရုတ်နိုင်ငံ သည် ဆက်လက်တွန်းအားပေးမည်ဖြစ်ပြီး “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”က ငြိမ်းချမ်းရေး လမ်းကြောင်းဖြစ်သောကတိပြုချက်ကို လက်တွေ့ဆောင်ရွက်ရမည်ဖြစ်ကြောင်း Hongliang က ဆက်လက် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဒုတိယသမ္မတဦးမြင့်ဆွေသည် မိန့်ခွန်းပြောကြားရာတွင် ပထမဦးဆုံးအနေနှင့် တရုတ်အစိုးရနှင့် ပြည်သူပြည်သားများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သော (၆၉)နှစ်အထိမ်းအမှတ်နေ့အတွက် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးတည်ထောင်သည့်(၆၈)နှစ်၌ နှစ် နိုင်ငံသည် ချစ်ခင်ရင်းနှီးစွာဖလှယ်ပြီး နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် အခြားနယ်ပယ်များတွင် အကျိုးရလဒ်များစွာ ရရှိပါကြောင်း၊ ယခုအချိန်တွင် နှစ်နိုင်ငံသည် ဘက်ပေါင်းစုံမဟာဗျူဟာမိတ်ဖက် ဆက်ဆံ ရေးသို့ အဆင့်တိုးလာကြောင်း၊ နှစ်ဦးနှစ်ဖက်သည် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်” ကို လိုက်နာပြီး အပြန်အလှန်သဘောပေါက်နားလည်ခြင်း၊ အပြန်အလှန်လေးစားခြင်းကို အခြေပြုကာ နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း စသဖြင့် ဒုတိယသမ္မတဦးမြင့်ဆွေမှ ပြောကြားခဲ့သည်။
အခမ်းအနားတွင် တရုတ်-မြန်မာချစ်ခင်စွာဆက်ဆံရေးမှတ်တမ်းရုပ်ရှင်ကားကို ပြသခဲ့ပြီး ယူနန်အနုပညာအဖွဲ့၏ တိုင်းရင်းသားလူမျိုးစု အဆိုအကဖျော်ဖြေပွဲကိုလည်း တင်ဆက်ခဲ့သည်။