Tiangong No.2 အာကာသ စမ်းသပ်ခန်းတွင် အပင်စိုက်ပျိုးခြင်းနှင့် သီးထွက်ခြင်း လက်တွေ့ စမ်းသပ်မှုအား တရုတ်နိုင်ငံမှ အောင်မြင်စွာလုပ်ကိုင်နိုင်

2018-09-30 17:42:34 |သတင်းအရင်းအမြစ် 新华网

Tiangong No.2 ဂြိုဟ်တုသည် အာကာသအတွင်း လှည့်လည်နေသည်မှာ ယခုအချိန်တွင် နှစ်နှစ်ကြာ ရှိပြီဖြစ်ပြီး ထိုကာလတွင် အာကာသဆိုင်ရာစမ်းသပ်မှု များစွာလုပ်ဆောင်ခဲ့သည်။ ၎င်းအနက် အဆင့်မြင့် ရုက္ခပင်များ မျိုးစေ့ကြဲခြင်းမှ အသီးထွက်ခြင်းထိ အချိန်ကြာမြင့်စွာ အပင်စိုက်ပျိုးရေးစမ်းသပ်မှုလည်း ပါဝင်သည်။

တရုတ်သိပ္ပံနှင့်နည်းပညာအကယ်ဒမီမှ သုတေသီတစ်ယောက်၏ မိတ်ဆက်မှုအရ အဆင့်မြင့်ရုက္ခပင် သည် အာကာသဇီဝထိန်းသိမ်းရေးစနစ်အတွက် အရေးကြီးသော သော့ချက်ဖြစ်သည်ဟုသိရသည်။ ထို့ပြင် လူများ အာကာသတွင် အချိန်ကြာရှည်စွာနေထိုင်ရန် ရုက္ခပင်ကိုအသုံးပြုပြီး စားနပ်ရိက္ခာနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးခြင်းသည် လူတင်အာကာသယာဉ်ပျံသန်းရန် ဖြေရှင်းရမည့်အရေးကြီး သော အခက်အခဲဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာအတွင်းတွင် တရုတ်နိုင်ငံသည် အကြိမ်ပေါင်းများစွာ စမ်းသပ်မှုလုပ်ဆောင်ခဲ့ သော်လည်း အာကာသတွင် အချိန်ကန့်သတ်ချက်ရှိသောကြောင့် အပင်များ စတင်ကြီးထွားလာခြင်းထိ သာ စမ်းသပ်နိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့က Tiangong No.2 လွှတ်တင်ပြီး နောက် တရုတ်သိပ္ပံနှင့်နည်းပညာအကယ်ဒမီမှ သုတေသနပြုဖန်တီးသည့် အသေးစားပျိုးပင်သေတ္တာ လေးကို အတူတယ်ယူသွားခဲ့သည်။ အဆိုပါသေတ္တာအတွင်း စပါးပင်နှင့်rock cress ပင် ပါဝင်သည်။

Tiangong No.2 ဂြိုဟ်တုနှင့်အတူ အာကာသသို့ ယူဆောင်သွားသည့် စပါးပင်နှင့် rock cress များမှ အချို့ကို ကမ္ဘာမြေကြီးသို့ ပြန်ယူလာသည့်အပြင် များသောအားဖြင့်သည် Tiangong No.2 အတွင်း စိုက်ပျိုးထားကြောင်း သိရပါသည်။ သိပ္ပံနည်းပညာသုတေသီများသည် အာကာသတွင် ကျန်ရှိနေသော အပင်များအား အပူချိန်ထိန်းချုပ်ခြင်း၊ ရေလောင်းပေးခြင်း စသည့်အလုပ်များကို ကမ္ဘာမြေမှ ထိန်းချုပ် စနစ်ဖြင့် ဆောင်ရွက်ခဲ့သည်။ ယခုအချိန်တွင် စပါးပင်နှင့် rock cress များသည် အဆင်ပြေစွာ ကြီးပင်း လာပြီး အသီးထွက်နေပြီဖြစ်သည်။

သုတေသနပြုချက်အရ အပင်များသည် အာကာသတွင် ပန်းပွင့်ချိန်သည် ကမ္ဘာမြေမှာ ထက်ပိုနောက်ကျ ပြီး ကြီးထွားနှုန်း နှေးကွေးသော်လည်း အိုမင်းရင့်ရော်နှုန်း နှေးကွေးကာ အသက်ပိုရှည်နိုင်သည်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန( ကွန်ရက်သတင်း)မှ ကောက်နုတ်တင်ပြထားသည်။

ဘာသာပြန်၊ Yunnan Gateway.

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006