ယူနန်ပြည်နယ်သည် တရုတ်အမျိုးသားနေ့ရုံးပိတ်ရက်ပြီးဆုံး၍ အပြန်ခရီးစဉ်ဖြစ်သော အောက်တိုဘာလ(၇)ရက်နေ့တွင် ခရီးသည်အများပြားဆုံးအချိန်ဖြစ်သည်။ ထိုနေ့တွင် ယူနန်ပြည်နယ်အတွင်း ခရီးသည်(၂၉.၈၅၆)သိန်း၊ နယ်စပ်ဒေသ နေ့ချင်းပြန်ခရီးစဉ်အတွင်း ခရီးသည်(၂၃၁၇၂)ဦးရှိကြောင်း၊ ပျမ်းမျှခရီးသွားလာရေးညွှန်းကိန်းမှာ ၄၁.၅၆% ရှိကြောင်း ယူနန်ပြည်နယ်ရုံးပိတ်ရက် ခရီးသွားလာရေးအချက်အလက်ကောက်ယူခြင်းစင်တာမှ သတင်းရရှိပါသည်။
ယူနန်ဒေသအနှံ့အပြားရှိ လေဆိပ်၊ မြန်နှုန်းမြင့်ရထားဘူတာရုံ၊ အဝေးပြေးကားဂိတ် စသည်တို့တွင် လက်ဖက်ခြောက်၊ နှင်းဆီပန်းမုန့်နှင့် လက်မှုအနုပညာပစ္စည်း စသည့်ထူးခြားသော ယူနန်ထွက်ကုန်များကို တွေ့မြင်နိုင်ပါသည်။ ထို့ပြင် “ယူနန်သို့လည်ပတ်ခြင်း” APP ကို အသုံးပြုနေသောခရီးသည် များပြားလာသည်နှင့်အညီ ယူနန်ပန်းမန်၊ ယူနန်လက်ဖက်ခြောက်၊ ယူနန်သစ်သီးဝလံနှင့် ယူနန်ကော်ဖီ စသည့် တမူထူးခြားသော ယူနန်ထွက်ကုန်များကို ဒေသအသီးသီးမှ ခရီးသည်များသည်“စမတ် shopping” ဖြင့် ၀ယ်ယူကာ အိမ်ကို ပို့ပေးလျက်ရှိကြပါသည်။
(သတင်းထောက်--Shu Wen)