မာဟွာထိန်းသည် ယူနန်တိုင်းရင်းသားကျေးရွာတွင် မျက်နှာ scan ဖတ်ပြီး ရှုခင်းဇုန်သို့ ၀င်ရောက်ကာ “ယူနန်သို့လည်ပတ်ခြင်း” APPကို လက်တွေ့ခံစား

2018-10-09 17:30:22 |သတင်းအရင်းအမြစ် 云桥网

“ယူနန်သို့လည်ပတ်ခြင်း” APP ကို တစ်ပတ်ကြာ တရားဝင်လည်ပတ်ပြီးနောက် Tencent ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌ မာဟွာထိန်းတို့အဖွဲ့သည် အောက်တိုဘာလ(၈)ရက်နေ့တွင် ယူနန်တိုင်းရင်းသားကျေးရွာသို့ ရောက်ရှိလာကာ ယူနန်စမတ်ခရီးသွားလာရေးကို ဖော်ဆောင်ရရှိသည့် အောင်မြင်မှုကို လက်တွေ့ခံစားကြသည်။

အောက်တိုဘာလ(၇)ရက်နေ့အထိ “ယူနန်သို့လည်ပတ်ခြင်း” APPကို အသုံးပြုနေသည့် လူဦးရေမှာ (၁၀)သိန်းကျော် ရှိကြောင်း၊ ဤ APP မှာ “စားသောက်ခြင်း၊ နေထိုင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလာရေး၊ ဈေးဝယ်ခြင်းနှင့် ဖျော်ဖြေခြင်း” စသည့်ဝန်ဆောင်မှု(၆)ခုကို ဘက်စုံမှနေ၍ လွှမ်းခြုံထားကာ လက်ကိုင်ဖုန်းတစ်လုံးဖြင့် ယူနန်အနှံ့အပြား လည်ပတ်နိုင်ရန် စီမံနိုင်ခဲ့ကြောင်း သိရပါသည်။

မျက်နှာ scan ဖတ်ပြီး ရှုခင်းဇုန်သို့ ၀င်ရောက်ခြင်း၊ အင်တာနက်ဖြင့် လက်ဖက်ခြောက်ဝယ်ယူခြင်း၊ တိုင်ကြားခြင်း၊ ရှုခင်းဇုန်ကို ရှာဖွေခြင်း၊ ပန်းမန်သစ်ပင်ကို စူးစမ်းခြင်း၊ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုခြင်း၊ သန့်ရှင်းခန်းရှာဖွေခြင်း စသည်တို့ကို မာဟွာထိန်းတို့အဖွဲ့သည် တစ်နာရီမကြာသောအချိန်အတွင်း “ယူနန်သို့လည်ပတ်ခြင်း”APP ဖြင့် စမတ်ပုံစံကျသော၊ အဆင်ပြေချောမွေ့သောခရီးသွားလာရေး နက်ရှိုင်းစွာ လက်တွေ့ခံစားကြပါသည်။

ယူနန်ပြည်နယ်ရှိ A ဆင့်ရှုခင်းဇုန် (၁၂၈)ခုအနက် (၁၁၇)ခုတို့တွင် “ယူနန်သို့လည်ပတ်ခြင်း”APP ဖြင့် အင်တာနက်တွင် လက်မှတ်ဝယ်ယူနိုင်ကြောင်း၊ မျက်နှာ သို့မဟုတ် QR code scan ဖတ်ပြီး ရှုခင်းဇုန်သို့ လျင်မြန်စွာ ၀င်ရောက်နိုင်ကြောင်း၊ မျက်နှာ scan ဖတ်စက်ကိရိယာသည် ပြည်နယ်ခွဲနှင့်မြို့ (၁၆)ခုရှိ ရှုခင်းဇုန်(၈၆)ခုအတွင်း တပ်ဆင်ထားပြီဖြစ်ပြီး ၅ A အဆင့်၊ ၄ A အဆင့်ရှုခင်းဇုန်များတွင် အားလုံးလွှမ်းခြုံမှုရှိပါကြောင်း သက်ဆိုင်ရာ ၀န်ထမ်း၏ မိတ်ဆက်ခြင်းအရ သိရပါသည်။
လက်တွေ့လေ့လာကြည့်ရှုပြီးနောက် မာဟွာထိန်းက ပြောကြားသည်မှာ လက်ကိုင်ဖုန်းတစ်လုံးဖြင့် ယူနန်သို့ လည်ပတ်ခြင်းစီမံကိန်းအတွက် ယူနန်ပြည်နယ်ပြည်သူ့အစိုးရက အကောင်အထည် ဖော်ဆောင်ခွင့်ပြုခြင်းသည် အရေးကြီးလှပါကြောင်း၊ ယူနန်တွင် ကျွန်တော်တို့ကုမ္ပဏီ စမ်းသပ်လုပ်ဆောင်ပေးနိုင်သည့်အတွက် ကျွန်တော်တို့၏ လုပ်ဆောင်မှုဖြစ်စေ၊ နည်းပညာဖြစ်စေ၊ ကြိုးပမ်းမှုဖြစ်စေ အကုန်လုံး ရရှိပါကြောင်းစသဖြင့် ပြောကြားပါသည်။

သတင်းထောက်--Wang Huan

ပုံ--Wang Huan၊ “ယူနန်သို့လည်ပတ်ခြင်း”APP

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006