(၁၁)ကြိမ်မြောက် “Chinese Bridge” ကမ္ဘာ့အလယ်တန်း၊ အထက်တန်းကျောင်းသူကျောင်းသား တရုတ်ဘာသာစကားကျွမ်းကျင်မှုပြိုင်ပွဲ ကူမင်းတွင် ကျင်းပ

2018-10-12 18:18:15 |သတင်းအရင်းအမြစ် 新华网

(၁၁)ကြိမ်မြောက် “Chinese Bridge” ကမ္ဘာ့အလယ်တန်း၊ အထက်တန်းကျောင်းသူကျောင်းသား တရုတ်ဘာသာစကားကျွမ်းကျင်မှုပြိုင်ပွဲအား ယူနန်ဆရာအတတ်သင်တက္ကသိုလ်တွင် ယခုလ(၁၁)ရက်နေ့က စတင်ကျင်းပရာ ယခုအကြိမ်ပြိုင်ပွဲ၌ နိုင်ငံ(၉၉)ခုရှိ ပြိုင်ပွဲဒေသ(၁၁၀)ခုမှ ဆရာ၊ ဆရာမနှင့် ကျောင်းသူကျောင်းသား (၃၃၂)ဦးပါဝင်ခဲ့ကြပြီး ၎င်းနိုင်ငံများအနက် နိုင်ငံ(၅)ခုသည် တရုတ်ပြည်သို့ ပြိုင်ပွဲဝင်များစေလွှတ်ကာ ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရပါသည်။

ယခင်နှစ်များနှင့်မတူညီသည်မှာ ယခုအကြိမ်ပြိုင်ပွဲသည် တရုတ်ကျောင်းသူကျောင်းသား “အကူအဖွဲ့”ကို ဖိတ်ခေါ်လိုက်ပြီး ယူနန်ပြည်နယ်မှ အလယ်တန်း၊ အထက်တန်း ကျောင်းသူကျောင်းသား(၃၀)ဦးတို့သည် တိုက်ချင်းပြိုင်ပွဲနှင့် ဗိုလ်လုပွဲတွင် နိုင်ငံခြားပြိုင်ပွဲဝင်များနှင့် ပူးပေါင်းဆောင်ရွက်ကာ အတူပြိုင်ကြရမည်ဖြစ်သည်။ ထို့ပြင် ပြိုင်ပွဲကာလအတွင်း ပြည်တွင်းပြည်ပ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ၊ ကျောင်းပရ၀ုဏ်အပြည်ပြည်ဆိုင်ရာတေးဂီတပွဲတော်နှင့် တိုင်းရင်းသားထူးခြားသောသင်တန်း စသည့်လှုပ်ရှားမှုများစွာကိုလည်း စီစဉ်ကျင်းပပေးမည်ဖြစ်ပြီး ပြည်တွင်းပြည်ပကျောင်းသူကျောင်းသားအချင်းချင်း ဖလှယ်ရေးကို တိုးမြှင့်ရန် ရည်ရွယ်ထားပါသည်။

ယူနန်ပြည်နယ်သည် အဆိုပါပြိုင်ပွဲကို ၂၀၁၂ ခုနှစ်ကတည်းကစတင်ကာ (၆)ကြိမ်မြောက်အထိ အောင်မြင်စွာ ဆက်တိုက်တာဝန်ယူ၍ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင် (၇)ကြိမ်မြောက် တာဝန်ယူ၍ ကျင်းပခြင်းဖြစ်သည်။

(ဆင်ဟွာသတင်းထောက်--Nian Xinhong)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006