ယခုရက်ပိုင်းတွင် ကျန်းစီးပြည်နယ် နန်ချမ်းမြို့၏ ပထမဆုံးသော အစိုးရရေးရာ ဝန်ဆောင်မှုပေး စမတ်စက်ရုပ်သည် ပြည်သူပြည်သားများနှင့် တွေ့ဆုံပြီး အစိုးရရေးရာမေးမြန်းခြင်းနှင့် အကြံပြုချက် တောင်းဆိုခြင်း ဆိုင်ရာဝန်ဆောင်မှုများကို စတင်ဆောင်ရွက်ပေးလျက်ရှိသည်။
အောက်တိုဘာလ(၁၅)ရက်နေ့က နန်ချမ်းမြို့သူမြို့သားများသည် စမတ်စက်ရုပ် “ရှောင်ဖိုက်”အား သိလိုသည်များ မေးနေစဉ်။
အဆိုပါစမတ်စက်ရုပ်ကလေးသည် “ရှောင်ဖိုက်”ဟု နာမည်ပေးထားကြောင်း၊ Virtual Reality စက်ရုပ် နည်းပညာကိုအသုံးပြုပြီး စမတ်ကျသော အပြန်အလှန်ဖလှယ်ခြင်းစနစ်ဖြင့် ပြည်သူပြည်သားများ၏ မေးမြန်းမှုကို ဖြေဆိုပေးနိုင်ကြောင်း၊ ထို့ပြင် အစိုးရရေးရာသက်ဆိုင်သည့် အချက်အလက်ရှာဖွေခြင်း၊ အစိုးရနှင့်ပြည်သူပြည်သားများ အချင်းချင်းဖလှယ်ခြင်းကိုလည်း စမတ်စက်ရုပ် “ရှောင်ဖိုက်”က စကား ပြေားခြင်းဖြင့် ကူညီထောက်ပံ့မှုကို ဆောင်ရွက်ပေးနိုင်ကြောင်း စသဖြင့် မိတ်ဆက်ခြင်းအရ သိရပါသည်။
အောက်တိုဘာလ(၁၅)ရက်နေ့က နန်ချမ်းမြို့သူမြို့သားများသည် စမတ်စက်ရုပ် “ရှောင်ဖိုက်”နှင့် အပြန်အလှန် ဖလှယ်နေစဉ်။
သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်၊ Yunnan Gateway.