ယူနန်ပြည်နယ်လင်ချမ်းမြို့၏ ခရိုင်နှင့်မြို့နယ်(၈)ခုတွင် အခွံမာသီးကို တရုတ်ဧက (၂.၂၇၈၉)သန်းခန့် စိုက်ပျိုးထားကြောင်း သိရပါသည်။ ကိန်းဂဏန်းစာရင်းအရ ၂၀၁၇ ခုနှစ် လင်ချမ်းမြို့၏ အခွံမာသီး ထုတ်လုပ်ရေးပမာဏသည် တရုတ်ငွေ သန်းပေါင်း(၆၀၀)သို့ ရောက်ရှိပြီး ဆင်းရဲသူဆင်းရဲသား (၁.၅) သိန်းအား ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေနိုင်ခဲ့ကြောင်း သိရပါသည်။
လင်ချမ်းမြို့ယုံတယ်ခရိုင်၏ သြစတြေးလျတိုက်အခွံမာသီးစိုက်စခန်းတွင် လယ်သမားများသည် “အခွံမာသီး+တရုတ်တိုင်းရင်းဆေး”အတူစိုက်ပျိုးသည့်စနစ်ဖြင့် အခွံမာသီးတရုတ်ဧက တစ်ဧကလျှင် ပျှမ်းမျှအားဖြင့် ထုတ်ကုန်ပမာဏ တရုတ်ငွေယွမ်(၉၀၀၀)အထက် ရနိုင်ပြီး တိုင်းရင်းဆေးကမူ တရုတ် ဧက တစ်ဧကလျှင် တရုတ်ငွေ ယွမ်(၂၀၀၀)ကျော်ရရှိနိုင်သည်။
လင်ချမ်းမြို့၏ ဒုအုပ်ချုပ်ရေးမှူးမှ မိတ်ဆက်ခြင်းအရ ယခုအချိန်တွင် လင်ချမ်းမြို့သည် မြို့ပြပထဝီ အခြေ အနေနှင့်အညီ အခွံမာသီးစိုက်ပျိုးနည်းကို နည်းလမ်းသစ်များ ဖန်တီးလျက်ရှိပြီး အခွံမာသီး ထုတ်လုပ် ရေး၏ အကျယ်အဝန်းကို တိုးချဲ့ကာ သယံဇာတကောင်းမွန်စွာအသုံးချနိုင်ရန်အတွက် “ကုမ္ပဏီ+ စိုက်ပျိုး ရေးစခန်း+လယ်သမား”၊ “သမဝါယမ+စိုက်ပျိုးရေးစခန်း+လယ်သမား”၊ “စိုက်ပျိုးဇုန်+ လယ်သမား+ ဈေးကွက်”စသည့်ဖွဲ့စည်းပုံစနစ်ဖြင့် စိုက်ပျိုးနေသည်။ ထို့ပြင် စီမံအုပ်ချုပ်ရေးအရည်အသွေးကို မြှင့်တင် စေရန်၊ လယ်ယာမြေကို ပိုမိုကောင်းမွန်အောင် အသုံးပြုစေရန်အတွက် “အခွံမာသီး+ ကော်ဖီ”၊ ”အခွံ မာသီး+ တရုတ်တိုင်းရင်းဆေး”စသည့်ဖွဲ့စည်းပုံစိုက်ပျိုးနည်းစနစ်ဖြင့်လည်း ဆောင်ရွက်နေသည်။
ယခုအချိန်ထိတိုင် လင်ချမ်းမြို့အခွံမာသီးစိုက်ပျိုးရေးအကျယ်အဝန်းသည် တစ်ကမ္ဘာလုံးစုစုပေါင်း စိုက်ပျိုးရေးအကျယ်အဝန်း၏ တစ်ဝက်ခန့် ရောက်ရှိနေပြီး ကမ္ဘာ့သြစတြေးလျအခွံမာသီး၏ ကိုယ်စားလှယ်ဖြစ်ကာ အချို့သောထုတ်ကုန်သည် Organic Food ၊ ကမ္ဘာ့ GAPနှင့် အစိမ်းရောင် စားသောက်ကုန်အဖြစ် သတ်မှတ်ထားသော ထုတ်ကုန်ဖြစ်ပါသည်။
သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်၊ Yunnan Gateway