၂၀၁၈ ခုနှစ် တရုတ်ကူမင်းအပြည်ပြည်ဆိုင်ရာ မြစိမ်းရောင်စားသောက်ကုန်ရင်းနှီးမြှု ပ်နှံမှုကုန်စည်ပြပွဲကို အောက်တိုဘာလ(၂၀)ရက်နေ့က ကျင်းပရာ ကုန်သည်နှင့်မြို့သူမြို့သားတို့ ဤပြပွဲတွင် လေ့လာကြည့်ရှုကာ ကုန်စည်ရောင်းချဝယ်ယူကြကြောင်း သိရပါသည်။
အဆိုပါပြပွဲမှာ တရုတ်ပြည်တွင်းပြည်ပမှ နာမည်ကျော်ကြားသော လုပ်ငန်းအဖွဲ့(၄၀၀)ကျော် ပါဝင်ခဲ့ကြောင်း၊ ယခုအကြိမ်ပြပွဲမှာ (၂၃)ရက်နေ့ထိ ဆက်တိုက်ကျင်းပမည်ဖြစ်ပြီး ပြပွဲကျင်းပစဉ် မြစိမ်းရောင်စားသောက်ကုန်ရင်းနှီးမြှုပ်နှံမှုညှိနှိုင်းဆွေးနွေးပွဲ၊ မြစိမ်းရောင်လယ်ယာစိုက်ပျိုးရေးထိပ်သီးဖိုရမ်၊ မြစိမ်းရောင်စားသောက်ကုန်ပြပွဲစသည့်လှုပ်ရှားမှုများကိုလည်း ကျင်းပဆင်နွှဲမည်ဖြစ်ကြောင်း သိရပါသည်။
ဆင်ဟွာသတင်းထောက်--Hu Chao