တရုတ်နိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ် ယနေ့ အောက်တိုဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေး ရောက်ရှိလာခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံဝန်ကြီးချုပ်အာဘေးသည် တရုတ်နိုင်ငံ၌ အောက်တိုဘာ ၂၅ ရက် မှ ၂၇ ရက်ထိ အလည်အပတ်နေထိုင်သွားမည်ဖြစ်သည်။ယင်းမှာ ၄င်း၏ ဝန်ကြီးချုပ် သက်တမ်း ၇ နှစ်တာကာလအတွင်း တရုတ်နိုင်ငံသို့  ပထမဆုံးအကြိမ်တရားဝင် အလည်အပတ်ခရီးလာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)