ဒုတိယအကြိမ် “လန်ချမ်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံများမှ ပြန်ကြားရေးအရာရှိနှင့်သတင်းစာဆရာ မွမ်းမံသင်တန်း”ယနေ့မှစ၍ ကူမင်းမြို့တွင် ဖွင့်လှစ်ကျင်းပ

2018-10-29 17:28:02 |သတင်းအရင်းအမြစ် 云桥网

ယူနန်နေ့စဉ်သတင်းစာအဖွဲ့မှ ဦးစီးကျင်းပသော ၂၀၁၈ ခုနှစ် ဒုတိယအကြိမ်“လန်ချမ်း- မဲခေါင်မြစ်ဝှမ်းနိုင်ငံများမှ ပြန်ကြားရေးအရာရှိနှင့်သတင်းစာဆရာ မွမ်းမံသင်တန်း”ယနေ့မှစ၍ ကူမင်း မြို့တွင် ဖွင့်လှစ်ကျင်းပကြောင်း သိရသည်။

ယခုနှစ် ဇွန်လပိုင်းက ယူနန်နေ့စဉ်သတင်းစာအဖွဲ့သည် ပထမအကြိမ်“လန်ချမ်း-မဲခေါင်မြစ်ဝှမ်း နိုင်ငံများမှ ပြန်ကြားရေးအရာရှိနှင့်သတင်းစာဆရာ မွမ်းမံသင်တန်း”ကို ကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ် မွမ်းမံသင်တန်းဖြစ်ကြောင်း၊ ယခုအကြိမ်မွမ်းမံသင်တန်းကျင်းပရာတွင် မြန်မာ၊ ထိုင်း၊ ကမ္ဘာဒီးယားနှင့် လာအိုနိုင်ငံမှ ပြန်ကြားရေးအရာရှိနှင့် သတင်းစာဆရာများသည် ယူနန်နေ့စဉ် သတင်းစာအဖွဲ့၏ သတင်းထောက်များနှင့်အတူ အမြန်ရထားစီးခြင်း၊ တရုတ်ရိုးရာသိုင်းပညာ ထိုက်ကျီ လေ့ကျင့်ခြင်း၊ မီဒီယာအသစ်ဆိုင်ရာသင်ခန်းစာများကိုလေ့လာခြင်း၊ တရုတ်လူနေမှုဘ၀ကိုလေ့လာခြင်း စသည့်အစီအစဉ်သို့ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း၊ ထို့ပြင် ယူနန်တွင် စမတ်ခရီးသွားလာရေးကို ကိုယ်တိုင်လေ့လာခံစားကြရမည်ဖြစ်ပြီး လန်ချမ်း-မဲခေါင်ခရီးသွားလာရေးပူးပေါင်းဆောင်ရွက်မှုကို အတူ ဆွေးနွေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတံခါးဖွင့်မူဝါဒကျင့်သုံးသည့် ရှေ့တန်းဝင်ရောက်ပြည်နယ် ဖြစ်သော ကျက်ကျန်းသို့လေ့လာမည် ဖြစ်ကြောင်းလည်း သိရပါသည်။

အစီအစဉ်များတွင် အထူးတန်ဖိုထားသည့်အစီအစဉ်တစ်ခုသည် စမတ်ခရီးသွားလာရေးလှုပ်ရှားမှုကို လေ့လာရေးဖြစ်သည်။ နိုဝင်ဘာလ(၁)ရက်နေ့သည် “ယူနန်ခရီးစဉ်” App တရားဝင် အသုံးပြုနိုင်သည့် (၁)လပြည့်အထိမ်းအမှတ်နေ့ ဖြစ်ရာ အဆိုပါ ပြန်ကြားရေးအရာရှိနှင့် သတင်းစာဆရာများသည် ယူနန် ပြည်နယ်တွင် ပညာလေ့လာနေသော နိုင်ငံအသီးသီးမှ ပညာတော်သင်များနှင့်အတူ ကျောက်တော ဥယာဉ်သို့သွားကာ “ဖုန်းတစ်လုံးဖြင့် ယူနန်လေ့လာခြင်း”စမတ်ခရီးသွားလာရေးကို ကိုယ်တိုင် လေ့လာခံစားမည်ဖြစ်ပြီး စမတ်ခရီးသွားလာရေး၊ လန်ချမ်း-မဲခေါင် ခရီးသွားပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာအကြောင်းအရာများကိုလည်း အတူဆွေးနွေးမည်ဖြစ်သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006