ယူနန်၏ အမြန်ကားလမ်းတွင် ယနေ့မှစ၍ “ETC+ အလိုအလျှောက် ငွေပေးချေခြင်း”စနစ်ကို အသုံးပြု နေကြောင်း အောက်တိုဘာလ(၂၉)ရက်နေ့က ကျင်းပသည့် အသိပေးရှင်းလင်းပွဲမှတစ်ဆင့် သိရသည်။
“ETC+ အလိုအလျှောက် ငွေပေးချေခြင်း”ဆိုသည်မှာ ကားဆရာသည် မိမိ၏ Wechat အကောင့်၏ ငွေစာရင်းအား ကားနံပတ်နှင့်ချိတ်ဆက်ထားပြီးနောက် ကားလမ်း၏ ငွေပေးချေဂိတ်ပေါက်ရောက်လျှင် ကားရပ်ရန်မလိုအပ်ပဲ Wechat ဖြင့် အမြန်ကားလမ်းအသုံးပြုခငွေ တိုက်ရိုက်ငွေပေးချေနိုင်သည့် စနစ် တစ်မျိုးဖြစ်သည်။ အဆိုပါငွေပေးချေခြင်းစနစ်သည် ကားဆရာများအတွက် ပိုမိုအဆင်ပြေစေနိုင် ကြောင်း သတင်းကြေငြာပွဲမှတစ်ဆင့် သိရပါသည်။
“ETC+ အလိုအလျှောက် ငွေပေးချေခြင်း”စနစ်စတင်ပြီးနောက် ကားဆရာများသည် ယူနန်ပြည်နယ် အတွင်းရှိ အမြန်ကားလမ်းပေါ် ကားမောင်းရာတွင် ETC သီးသန့်လမ်းပေါက် သို့မဟုတ် ပုံမှန်လမ်းပေါက် ကို ETC ကတ်ပြားဖြင့် ဝင်ရောက်လျှင် အမြန်ကားလမ်းအသုံးပြုခငွေကို ကားဆရာ၏ Wechat အကောင့် မှတစ်ဆင့် တိုက်ရိုက်ပေးချေနိုင်ပြီး လမ်းဂိတ်ဖြတ်ကျော်ချိန်သည် (၂)-(၃)စက္ကန့်သာ လိုအပ်ကြောင် သိရသည်။
ဓာတ်ပုံ၊ အွန်လှိုင်းဓာတ်ပုံ။