အောက်တိုဘာလ(၂၂)ရက်နေ့က China Southern power Grid ကုမ္ပဏီ ယူနန်ကုမ္ပဏီခွဲနှင့် မဲခေါင်မြစ် ကောလိပ်နှင့်အတူပူးတွဲကျင်းပသော “GMS နည်းပညာအသစ် အသုံးပြုခြင်းနှင့် လျှပ်စစ်ကွန်ရက်ဖွံ့ဖြိုး ရေး သီးသန့်ဆွေးနွေပွဲ”ကို ကူမင်းမြို့တွင် ကျင်းပခဲ့ပြီး တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် ကမ္ဘာဒီးယား (၆)နိုင်ငံမှ လျှပ်စစ်ဓာတ်အားနယ်ပယ် ပညာရှင်နှင့်ဝန်ထမ်းများသည် အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းအရ သိရပါသည်။
တရုတ်နိုင်ငံတင်ပြသော “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” မဲခေါင်မြစ်ဝှမ်း လျှပ်စစ်ကွန်ယက် အပြန်အလှန်ချိတ်ဆက်ခြင်းအား တွန်းအားပေးစေရန်၊ လန်ချမ်း- မဲခေါင်မြစ်ဝှမ်းတစ်လျှောက် နိုင်ငံ အသီးသီးအကြား လျှပ်စစ်နယ်ပယ်ပညာရေးပူးပေါင်းဆောင်ရွက်ခြင်းနှင့် လူနေမှုဖလှယ်ရေးအား တွန်ဆော်စေရန်အတွက် China Southern power Grid ကုမ္ပဏီခွဲနှင့် မဲခေါင်မြစ်ကောလိပ် တို့အတူ ပူးတွဲချုပ်ဆိုသော《ပူးပေါင်းဆောင်ရွက်မူဘောင်သဘောတူညီချက်》နှင့် ၂၀၁၈ ခုနှစ် ပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းကို အခြေခံကာ ဆွေးနွေးဖလှယ်ပွဲ(၇)ရက်နှင့် လက်တွေ့လေ့လာခြင်း(၃)ရက်ကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
သတင်းအရ ဆွေးနွေးလေ့လာသော အကြောင်းအရာသည် GMS ပညာအသစ် အသုံးပြုခြင်းနှင့် လျှပ်စစ်ကွန်ရက်ဖွံ့ဖြိုးရေးဖြစ်ပြီး လျှပ်စစ်ခွဲဝေခြင်းစမတ်စနစ်၊ ပင်လယ်ပေါ် ထပ်မံဖြစ်ပေါ်နိုင်စွမ်းအင် (Renewable energy) ၏တူးဖော်ခြင်းနှင့်အသုံးချခြင်း၊ အင်တာနက်နှင့် စမတ်စွမ်းအား၊ စွမ်းအား သိုလှောင်ခြင်းပညာ၊ HVDC ပညာ၊ ကိန်းဂဏန်းကြီးထိန်းချုပ်ရေးပညာ၊ စမတ်စက်ရုပ်၊ လျှပ်စစ်ဓာတ်အား Internet of Things ၊ စမတ်လျှပ်စစ်ကွန်ရက်ပြောင်းစခန်း၏ လှည့်လည်ခြင်းနှင့် ထိန်းသိမ်းခြင်း စသဖြင့်ကို ပါဝင်ဆွေးနွေးလေ့လာခဲ့သည်။