ပေါက်ဖော်ချစ်ကြည်ရေးမြန်မာနိုင်ငံမှ မွေးရာပါနှလုံးရောဂါစွဲကပ်သည့်ကလေး(၆)ယောက်သည် အခမဲ့ ဆေးကုသမှုခံပြီးနောက် မြန်မာနိုင်ငံသို့ပြန်

2018-11-01 16:53:47 |သတင်းအရင်းအမြစ် 云桥网

“ဒီတစ်ကြိမ်ယူနန်ခရီးစဉ်မှာ တရုတ်ဆေးဆရာဝန်တွေရဲ့ ကောင်းမွန်ကျွမ်းကျင်တဲ့ ဆေးကုသ ပညာကတစ်ဆင့် ကျွန်မရဲ့ကလေး စောစော ကျန်းမာလာမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။” အောက်တိုဘာလ(၁၀)ရက်နေ့က“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် - ပေါက်ဖော်ချစ်ကြည်ရေး မွေးရာပါနှလုံးရောဂါစွဲကပ်သည့် ကလေးသူငယ်ဆေးကုပေးခြင်း ”အစီအစဉ်ဖြင့် အခမဲ့ဆေးကုပေးသော မြန်မာနိုင်ငံမှ ဒုတိယအသုတ် ဝေဒနာရှင်ကလေးများ ကူမင်းကို ရောက်ရှိစဉ် သူတို့၏မိဘများက ကလေးများ အမြန်ဆုံးကျန်းမာလာစေလိုသောဆန္ဒကို ပြောပြခဲ့သည်။ အောက်တိုဘာလ (၃၁)ရက်နေ့တွင် ဆေးကုခြင်းခံယူခဲ့သော ဝေဒနာရှင်ကလေးသူငယ် (၁၅)ယောက်အနက် (၆)ယောက်သည် အခမဲ့ခွဲစိတ်ကုသခြင်း အောင်မြင်ပြီးနောက် သူတို့၏အမိနိုင်ငံဖြစ်သော မြန်မာနိုင်ငံသို့ ပြန်ခဲ့ကြောင်း သိရသည်။

“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် - ပေါက်ဖော်ချစ်ကြည်ရေး မွေးရာပါနှလုံးရောဂါ စွဲကပ်သည့် ကလေးသူငယ်ဆေးကုပေးခြင်း”အစီအစဉ်သည် တရုတ်အမျိုးသားပရဟိတအသင်းချုပ်၊ ယူနန် ပရဟိတအသင်းချုပ်နှင့် ယူနန် Fuwai နှလုံးရောဂါကုဆေးရုံ (အောက်တွင် Fuwai ဆေးရုံဟု အတိုချုံးခေါ်ဝေါ်ထားသည်)မှ ဦးစီးကျင်းပခြင်းဖြစ်သည်။ မြန်မာမှ ဝေဒနာရှင်ကလေးသူငယ်များ ဆေးရုံသို့ရောက်သည့်နေ့မှစ၍ Fuwai ဆေးရုံသည် စိတ်ရှည်လက်ရှည် ကျန်းမာရေးစစ်ဆေးခြင်း အစီအစဉ်ကို စီစဉ်ပေးပြီး ဆေးကုသခြင်းကျွမ်းကျင်ပညာရှင်များ၏ သေချာဆွေးနွေးခြင်းဖြင့် ကလေးများနှင့်ကိုက်ညီသော ခွဲစိတ်ကုသမှုကို ဆောင်ရွက်ပေးခဲ့ကြောင်း Fuwai ဆေးရုံမှ တာဝန်ခံတစ်ဦးက မိတ်ဆက်ပေးခဲ့သည်။ “ဒီတစ်ကြိမ် ဆေးကုပေးတဲ့မြန်မာကလေးတွေရဲ့ ရောဂါစွဲကပ်ခြင်းက တော်တော်လေးရှုပ်ထွေးတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆေးရုံက အရမ်းအလေးထား ဂရုစိုက်တယ်။ ကျွန်တော်တို့က ပေကျင်း၊ ကူမင်း နေရာနှစ်ခုက ဆေးကုသခြင်းကျွမ်းကျင်ပညာရှင်တွေကို ဆေးကုအဖွဲ့ကို ဖွဲ့စည်းပြီး ကလေးတို့အတွက် ဆေးကုပေးတယ်။ ဒီတစ်ကြိမ်ရွေးချယ်ထားတဲ့ပညာရှင်အားလုံးက ကလေးဆေးကုသခြင်းဖက်မှာ လက်တွေ့အတွေ့အကြုံပေါကြွယ်ဝတဲ့ဆရာဝန်တွေဖြစ်တယ်”ဟု သူက ဆက်လက်ဖြည့်စွက် ပြောကြားခဲ့သည်။

“ကျေးဇူးတင်ပါတယ်။ တရုတ်ဆေးဆရာဝန်တွေကို တကယ်ပဲ အရမ်းကျေးဇူးတင်ပါတယ်”ဟု ဝေဒနာရှင်ဖြစ်သော အသက်(၁၁)နှစ်ကလေး ရတနာခင်က မသွက်လက်သောတရုတ်စကားဖြင့် တရုတ်ဆေးရာဝန်နှင့်အခြားဝန်ထမ်းများအား သူမ၏ကျေးဇူးတင်ကြောင်းကို ဖော်ပြခဲ့သည်။ သူမသည် နှလုံးရောဂါစွဲကပ်သည်မှာ အချိန်တော်တော်ကြာပြီဖြစ်သည်။ ယခုယူနန်ခရီးစဉ်တွင် Fuwai ဆေးရုံသည် သူမအတွက် သင့်တော်သောခွဲစိတ်ကုသမှုပြုလုပ်ပေးပြီး ယခုအချိန်တွင် ကျန်းမာရေးပိုကောင်းလာပြီဖြစ်သည်။ “ကျွန်တော့်သမီးကို အခမဲ့ဆေးကုပေးခြင်းအတွက် ကျွန်တော် က တရုတ်အမျိုးသားပရိဟိတအသင်းချုပ်ကို အရမ်းကျေးဇူးတင်ပါတယ်။ ”ဟု ရတနာခင်၏ ဖခင်က ပြောကြားခဲ့သည်။ ထို့ပြင် ဆရာဝန်၊ သူနာပြုနှင့် ပရဟိတသမားများမှ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဂရုစိုက်ခြင်းနှင့် နှုတ်ခွန်းဆက်သခြင်းတို့သည် သူ၏စိတ်နှလုံးအား နွေးထွေးလာစေခဲ့သည်။“တရုတ်နိုင်ငံက ကျွန်တော်တို့အား နွေးထွေးမှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

သတင်းအရ Fuwai ဆေးရုံသည် အခြားနိုင်ငံနှင့်ဒေသတွင် မွေးရာပါနှလုံးရောဂါစွဲကပ်သည့်ကလေး သူငယ်ကယ်ဆယ်ခြင်းအစီအစဉ်လည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။ ယခုအချိန်ထိတိုင် Fuwai ဆေးရုံသည် ကမ္ဘာဒီးယားမှ ကလေးသူငယ်(၂၀၀၀၀)ကျော်အတွက် မွေးရာပါနှလုံးရောဂါ စစ်ဆေးပေးခဲ့ပြီး ၎င်းအနက်(၂၁)ယောက်ကို ဆေးကုပေးခဲ့သည်။ ၎င်းတို့၏ ဆေးကုသကယ်ဆယ်ခြင်းအား ကမ္ဘာဒီးယားနိုင်ငံ Battambang ပြည်နယ်ကျန်းမာရေးဌာနနှင့် ဒေသခံမှ ချီးကျူးမှုကိုလည်း များစွာရရှိပါသည်။ တချိန်တည်းတွင် Fuwai ဆေးရုံသည် တရုတ်ကလေးသူငယ်(၉)သိန်း(၂)သောင်းကျော်အတွက်လည်း မွေးရာပါနှလုံးရောဂါ စစ်ဆေးပေးခဲ့ပြီး ၎င်းအနက်(၉၀၀)ကျော်အတွက် အခမဲ့ခွဲစိတ်ကုသမှု ပြုလုပ်ပေးခဲ့သည်။
ပုံ၊ Fuwai နှလုံးရောဂါကုဆေးရုံ

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006