ပထမဆုံးအကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲတွင် ယူနန်ကုန်သွယ်ရေးကိုယ်စားလှယ် အဖွဲ့သည် “တောင်အာရှ၊ အရှေ့တောင်အာရှ သွင်းကုန်ပြသစင်တာနှင့် ‘ထာဝစဉ် ရှင်သန်လျက်ရှိနေသော တရုတ်-တောင်အာရှ၊ အရှေ့တောင်အာရှကုန်စည်ပြပွဲ’ ”ဟူသော အဓိကဆောင်ပုဒ်ဖြင့် မိတ်ဆက်ပွဲကို ရှန်ဟိုင်းနိုင်ငံတော်ကွန်ဗင်းရှင်းစင်တာတွင် နိုဝင်ဘာ ၆ ရက် ညနေပိုင်းက ဦးစီးကျင်းပခဲ့ကြောင်း Yunnan Gataway ၀က်ဘ်ဆိုက်သတင်းမှ သိရပါသည်။
အဆိုပါမိတ်ဆက်ပွဲတွင် တောင်အာရှ၊ အရှေ့တောင်အာရှ သွင်းကုန်ပြသစင်တာနှင့် “ထာဝစဉ် ရှင်သန်လျက်ရှိနေသော တရုတ်-တောင်အာရှ၊ အရှေ့တောင်အာရှကုန်စည်ပြပွဲ” စီမံကိန်း၊ ယူနန် စဉ်ဆက်မပြတ်ထုတ်လုပ်မှုလုပ်ငန်း(၈)ရပ်ကို တွန်းအားပေးခြင်းနှင့် “ကမ္ဘာ့ထိပ်တန်း မြစိမ်းရောင်စွမ်းအင်၊ မြစိမ်းရောင်စားသောက်ကုန်နှင့် ကျန်းမာသောနေထိုင်မှုဘ၀” ဟူသောလုပ်ငန်းသုံးခုကို ဖော်ဆောင်ခြင်း၊ ၂၀၁၉ ခုနှစ် တောင်အာရှ၊အရှေ့တောင်အာရှ ကုန်စည်ပြပွဲနှင့် ညှိနှိုင်းဆွေးနွေးပွဲ စသည်တို့အပေါ် အသေးစိတ် မိတ်ဆက်ဖော်ပြကာ နိုင်ငံအသီးသီး၊ နယ်ပယ်အလွှာပေါင်းစုံအား အတူတကွ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ကြောင်း သိရပါသည်။
အဆိုပါမိတ်ဆက်ပွဲတွင် ယူနန်အရေးပါသော အ၀ယ်တော်လုပ်ငန်းရှင်နှင့် ပြည်ပမှကုန်သည်တို့ သွင်းကုန်ဝယ်ယူခြင်းစာချွန်လွှာကို လက်မှတ်ရေးထိုးကြကြောင်း၊ လုပ်ငန်းအဖွဲ့များစွာသည်လည်း ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုစာချုပ်ကို လက်မှတ်ရေးထိုးကြကြောင်း၊ ပြည်ပလုပ်ငန်းအဖွဲ့သည် တောင်အာရှ၊ အရှေ့တောင်အာရှ သွင်းကုန်ပြပွဲစင်တာတွင် အခြေချရန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ပြည်နယ်တွင်း ပြည်နယ်ပြင်ပ၊ ပြည်တွင်းပြည်ပမှ လုပ်ငန်းအဖွဲ့တို့သည် ကုန်သွယ်ရေးလိုအပ်ချက်အရ ချိတ်ဆက်ကြကြောင်း သိရပါသည်။
သတင်းထောက်--Zhang Ruogu၊ Han Chengyuan ပုံ--Zhou Can