“မြန်မာတွင် ရင်းနှီးမြှုပ်နှံရန်” မိတ်ဆက်ကြေငြာပွဲကို ကူမင်းမြို့၌ ကျင်းပ

2018-11-12 18:11:52 |သတင်းအရင်းအမြစ် 云桥网

“မြန်မာတွင် ရင်းနှီးမြှုပ်နှံရန်” မိတ်ဆက်ကြေငြာပွဲကို နိုဝင်ဘာလ(၉)ရက်နေ့က ကူမင်းမြို့၌ ကျင်းပခဲ့ပြီး “၂၀၁၉ ခုနှစ် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ထိပ်သီးအစည်းအဝေး”ကို ကြိုတင်မိတ်ဆက်ပေးရန် ရည်ရွယ်ကာ ကျင်းပခဲ့ကြောင်း သတင်းအရ သိရပါသည်။ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိ သူများသည် မြန်မာ့ရင်းနှီးမြှုပ်နှံမှုလက်တွေ့အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာပေါ်လစီ စသည်ဖြင့် ပြည့်စုံစွာ မိတ်ဆက်ကြေငြာ ပေးခဲ့သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ 《ရင်းနှီးမြှုပ်နှံမှုဥပဒေ》အသစ်အရ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုနောက်ကျတဲ့နေရာသို့ ရင်းနှီးမြှုပ်နှံရင် (၇)နှစ်အတွင်းမှာ အမြတ်တော်ခွန် လျှော့ခွင့်ပေးမယ်။ ဖွံ့ဖြိုးဆဲနေရာသို့ ရင်းနှီးမြှုပ်နှံရင် (၅)နှစ်အတွင်းမှာ အမြတ်တော်ခွန်လျှော့ခွင့် ပေးမယ်။ ဖွံ့ဖြိုးပြီးနေရာသို့ ရင်းနှီးမြှုပ်နှံရင် (၃)နှစ်အတွင်းမှာ အမြတ်တော်ခွန်လျှော့ခွင့်ပေးမယ်။ ဒါ့အပြင် ဒေါ်လာ ၅ သန်းထက်မကျော်တဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို နေပြည်တော်သွားလျှောက် တာမလိုအပ်ပဲ ရင်းနှီးမြှုပ်နှံမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရသို့ သွားလျှောက်လို့ရတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မိတ်ဆက်ပေးခဲ့ သည်။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူ၏ အခွင့်အလမ်းနှင့်အကျိုးအမြတ်ကို ကာကွယ်ပေးရန် ကော်မတီ အဖွဲ့တစ်ခုကို သီးသန့်တည်ထောင်ခဲ့ကြောင်း၊ Myanmar Companies Online (MyCO)အွန်လိုင်း မှတ်ပုံတင်သောစနစ်ဖြင့် ရင်းနှီးမြှုပ်နှံသူများသည် အဆိုပါကွန်ရက်ပေါ်တွင် အချက်အလက်ပြည့်စုံစွာ တင်ထားပါက (၂၄)နာရီအတွင်း ကုမ္ပဏီက မှတ်ပုံတင်ရရှိနိုင်မည်ဖြစ်ကြောင်း ဆက်လက်မိတ်ဆက် ပေးခဲ့သည်။

“၂၀၁၉ ခုနှစ် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ထိပ်သီးအစည်းအဝေး”ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ လ(၂၈)မှ(၂၉)ရက်နေ့အတွင်း နေပြည်တော်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းအရ သိရသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006