၂၀၁၈ ခုနှစ် တရုတ်နိုင်ငံတကာခရီးသွားလာရေးဖလှယ်ပွဲကို နိုဝင်ဘာလ(၁၆)မှ(၁၈)ရက်နေ့ထိ ရှန်ဟိုင်းမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း ယူနန်ပြည်နယ်ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ နိုဝင်ဘာလ(၁၂)ရက်နေ့သတင်းအရ သိရပါသည်။ ထို့ပြင် ယူနန်တစ်ပြည်နယ်လုံး၏ ပြည်နယ်ခွဲနှင့် ပြည်နယ်ခွဲအဆင့်မြို့ပြ(၁၆)ခုမှ လုပ်ငန်းနှင့်အဖွဲ့(၅၀)ကျော်သည် အဆိုပါဖလှယ်ပွဲတွင် ပါဝင တက်ရောက်ရန် စီစဉ်ထားသည်။
ယခုအကြိမ်ဖလှယ်ပွဲတွင် ယူနန်ပြခန်း၏အကျယ်အဝန်းသည် (၇၂၀)စတုရမ်းမီတာရှိကြောင်း၊ ယူနန် ပြခန်းများသည် “ယူနန်သည် ရှုခင်းသာနေရာတစ်ခုသာရှိပြီး နာမည်သည် ယူနန်ဖြစ်ကြောင်း” အဓိကခေါင်းစဉ်ဖြင့် ပြသမည်ဖြစ်ကြောင်း၊ ယူနန်သည် ပြည်နယ်ခွဲနှင့် ပြည်နယ်ခွဲအဆင့်မြို့ပြ(၁၆)ခု၏ ခရီးသွားရှုခင်းသာနေရာများကို ပြည့်စုံစွာပေါင်းစပ်ပြီး အပန်းဖြေစခန်း၊ ကျန်းမာရေးထိန်းသိမ်းနိုင်သော နေရာကောင်း၊ ယဉ်ကျေးမှုခရီးသွားလာရေးနေရာ စသည့်ပုံရိပ်များကို ပြသမည်ဖြစ်ကြောင်း သတင်း အရ သိရပါသည်။
ထို့ပြင်“ယူနန်လည်ပတ်ခြင်း”APP လည်း ယခုအကြိမ်ဖလှယ်ပွဲတွင် ပါဝင်ပြသမည်ဖြစ်ပြီး ဗီဒီယို တိုက်ရိုက်ခြင်း၊ ရှုခင်းသာနေရာလမ်းညွှန်ပေးခြင်း၊ ရှုခင်းသာနေရာနောက်ခံအကြောင်းအရာ ရှင်းပြ ပေးခြင်း၊ အွန်လိုင်းမှအမှတ်တရလက်ဆောင်ဝယ်ယူခြင်း စသဖြင့် ပါဝင်သော အဆိုပါ APP ကို ဖလှယ်ပွဲသို့ပါဝင်တက်ရောက်ကြမည့်ခရီးသည်များအတွက် မိတ်ဆက်ပြသပေးမည်ဖြစ်သည်။ ထို့ပြင် ခရီးသည်များသည်လည်း “ယူနန် လည်ပတ်ခြင်း”APP ကို ကိုယ်တိုင်လက်တွေ့စမ်းကြည့်နိုင်မည်။
၂၀၁၈ ခုနှစ် တရုတ်နိုင်ငံတကာခရီးသွားလာရေးဖလှယ်ပွဲသည် တရုတ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွား လာရေးဝန်ကြီးဌာန၊ တရုတ်အမျိုးသားလေကြောင်းလိုင်းဌာနနှင့် ရှန်ဟိုင်းပြည်သူ့အစိုးရမှ ပူးတွဲကာ ဦးစီးကျင်းပသည်။ တရုတ်နိုင်ငံတကာခရီးသွားလာရေးဖလှယ်ပွဲသည် ၁၉၉၈ ခုနှစ်မှစ၍ ကျင်းပပြီး ၂၀၀၁ ခုနှစ်ကစတင်ကာ ရှန်ဟိုင်းနှင့်ကူမင်းတို့တွင် တစ်လှည့်စီ ကျင်းပလေ့ရှိသည်။