တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်က နိုဝင်ဘာ ၁၃ ရက် ညပိုင်းအချိန်တွင် စင်္ကာပူနိုင်ငံ ကုန်သည် လုပ်ငန်းရှင်များ အသင်းချုပ်နှင့် တရုတ်ကုန်သည်လုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်းပြုလုပ်သည့် ကြိုဆိုပွဲသို့ တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံဝန်ကြီးချုပ်က ကြိုဆိုပွဲ တက်ရောက်စဉ်အတွင်း တရုတ်နိုင်ငံအနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ကာ သိသာထင်ရှားသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ၊ စင်္ကာပူနိုင်ငံ အနေဖြင့်လည်း အောင်မြင်မှုသစ်များအား အဆက်မပြတ် ရရှိနိုင်ခဲ့ပြီး “စင်္ကာပူအံ့ဖွယ်” ကို ဖန်တီးနိုင်ခဲ့ကြောင်း ၊ စင်္ကာပူနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများမှတစ်ဆင့် တရုတ်နိုင်ငံက တန်ဖိုးရှိသောနမူနာများ ရရှိနိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကလည်း စင်္ကာပူ နိုင်ငံအတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ခဲ့ကြောင်း ၊ တရုတ်- စင်္ကာပူနှစ်နိုင်ငံတွင် ထူးခြားသည့် ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး တည်ရှိပြီး တရုတ်နိုင်ငံအနေဖြင့် စင်္ကာပူနိုင်ငံနှင့် အတူ တကွ အပြန်အလှန် ချိတ်ဆက်မှု ၊ ငွေကြေးနှင့် ကုန်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတို့အား အဆက်မပြတ် ပိုမိုနက်ရှိုင်းအောင် တွန်းအားပေးဆောင်ရွက်ကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်ရှိအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် လီခဲ့ချန်က တရုတ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုတို့အား ပိုမိုတွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း ၊ ရေရှည် မက်ခရိုမူဝါဒ တည်ငြိမ်မှု ရရှိအောင် ထိန်းသိမ်းသွားပြီး တန်းတူညီမျှသည့် စီးပွားရေး ပတ်ဝန်းကျင်အား ဖန်တီးပေးသွားမည်ဖြစ်ကြောင်း ၊ စင်္ကာပူနိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ လုပ်ငန်း ရှင်များမှ အခွင့်အရေးကို ဆုပ်ကိုင်ပြီး တရုတ်နိုင်ငံတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့အား တိုးချဲ့ဆောင်ရွက်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုကို အကောင်အထည်ဖော်သွားရမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ စီးပွားရေးအနေဖြင့် အလုံးစုံတည်ငြိမ်မှုရှိပြီး အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အလားအလာများစွာရှိကြောင်း ပြောကြား ခဲ့သည်။(Xinhua)