တရုတ်နိုင်ငံဝန်ကြီးချုပ်က (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်

2018-11-15 17:20:39 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က နိုဝင်ဘာ ၁၄ ရက်တွင် စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံ (10+1) ထိပ်သီးအစည်းအဝေးနှင့် တရုတ်-အာဆီယံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း ၁၅ နှစ်ပြည့် ထိပ်သီးအထိမ်းအမှတ်အခမ်းအနားကို တက်ရောက် ခဲ့သည်။

အစည်းအဝေးတက်ရောက်စဉ်အတွင်း တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က ပြီးခဲ့သည့် ၁၅ နှစ်တာကာလ အတွင်း နိုင်ငံတကာနှင့်ဒေသတွင်း အခြေအနေများမှာ ရှုပ်ထွေးစွာ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သော်လည်း အာရှဒေသနိုင်ငံများ အနေဖြင့် တည်ငြိမ်အေးချမ်းပြီး ကောင်းမွန်သည့် အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ ကာ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ ၁၅ နှစ်တာကာလအတွင်း တရုတ်-အာဆီယံ ဆက်ဆံရေး မှာလည်း ထူးခြားစွာ ဖြတ်သန်းခဲ့ရပြီး ဘက်စုံကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ကာ မဟာဗျူဟာအရ ပိုမိုပြည့်စုံလာစေခဲ့ကြောင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ပုံစံမျိုးကို ဖော်ဆောင်နိုင်ခဲ့ပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအား တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား အကြီးမားဆုံးသော လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်ကို တည်ဆောက် နိုင်ခဲ့ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အဆင့်အတန်းကိုလည်း အဆက်မပြတ် မြှင့်တင်နိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အငြင်းပွားမှုများအား ဖြေရှင်းနိုင်သည့်စံနမူနာကို ထူထောင်နိုင်ခဲ့ပြီး တောင် တရုတ်ပင်လယ် နိုင်ငံများအပြုအမူဆိုင်ရာ ကြေညာစာတမ်း (Declaration on the Conduct=DOC) ကို ဘက်စုံ အကောင်အထည်ဖော်ကာ တောင်တရုတ်ပင်လယ်အတွင်း အပြုအမူဆိုင်ရာ သတ်မှတ်ချက် (COC) နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများတွင်လည်း အရေးပါသည့် တိုးတက်မှုများ ရရှိခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့် အတူတကွ ညှိနှိုင်းဆောင်ရွက်မှုကို အခြေခံ၍ COC အား ၃ နှစ် အတွင်း ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ပနိုင်ငံများအနေဖြင့် ဒေသတွင်း နိုင်ငံများ၏ သဘောထားအပေါ် လေးစားမှုထားရှိရန် မျှော်လင့်ကြောင်း ၊ ဒေသတွင်းရှိ နိုင်ငံများ၏ ဥာဏ်အမျှော်အမြင်ဖြင့် အတူတကွ တောင်တရုတ်ပင်လယ် တည်ငြိမ်အေးချမ်းရေးအား ထိန်းသိမ်း နိုင်မည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံဝန်ကြီးချုပ်က တရုတ်-အာဆီယံက ကာလတလျှောက်အပြန်အလှန် လေးစားမှုကို ခိုင်မြဲစွာ စောင့်တည်ခဲ့ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခဲ့ကြကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် အာဆီယံအသိုက်အဝန်း တည်ဆောက်ခြင်းအပေါ် ခိုင်မြဲစွာ ထောက်ခံအားပေးခဲ့ပြီး အာဆီယံ အား ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ ဗဟိုနေရာတွင် ထားရှိခြင်းနှင့် ပတ်သက်၍လည်း ခိုင်မြဲစွာ ထောက်ခံခဲ့ကြောင်း ၊ လက်ရှိချိန်တွင် တရုတ်နိုင်ငံနှင့် အာဆီယံက ဘက်စုံပူးပေါင်းဆောင်ရွက်မှုအား ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ပြီး ပိုမိုအဆင့်မြင့်မားသည့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို ဖော်ဆောင်ကာ ပိုမိုနီးကပ်သည့် တရုတ်-အာဆီယံ ကံကြမ္မာအကျိုးတူအသိုက်အဝန်းကို တည်ဆောက် သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတက်ရောက်ခဲ့ကြသည့် အာဆီယံနိုင်ငံခေါင်းဆောင်များက ယခုနှစ်သည် အာဆီယံ- တရုတ် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ထူထောင်သည့် ၁၅ နှစ်ပြည့်နှစ်ဖြစ်သောကြောင့် ယခု အကြိမ်အစည်းအဝေးသည်လည်း အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်စေခဲ့ကြောင်း ၊ အာဆီယံနှင့် တရုတ် နိုင်ငံအကြား အင်အားတောင့်တင်းသည့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး တည်ရှိပြီး အဆင့်မြင့် အရာရှိများအကြား ကူးလူးဆက်ဆံရေးလည်း တည်ရှိကြောင်း ၊ တရုတ်နိုင်ငံသည် ၉ နှစ် ဆက်တိုက်အာဆီယံ၏ အကြီးဆုံးသော ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး နှစ်ဖက်လွတ်လပ်စွာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှာလည်း အဆက်မပြတ် မြှင့်တင်နိုင်ခဲ့ကာ ပိုမို အရည်အသွေး မြင့်မားသည့် ဒေသဆိုင်ရာ ပြီးပြည့်စုံသည့် စီးပွားရေးမိတ်ဖက်(RCEP) ဖြစ်လာစေရေး အတွက် ဆွေးနွေးမှုများကို ကြိုးပမ်းဆောင်ရွက်နေကြောင်း ၊ အာဆီယံ-တရုတ် အနေဖြင့် နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုကို အဆက်မပြတ် တိုးမြှင့်နိုင်ခဲ့ပြီး ပထမဦးဆုံးအကြိမ်ရေကြောင်းစစ်ရေး လေ့ကျင့်မှုကို ပြုလုပ်နိုင်ခဲ့ကြောင်း ၊ COC ဆွေးနွေးမှုကို အမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်သွားလိုပြီး အငြင်းပွားမှုကို ကောင်းမွန်စွာ ကိုင်တွယ်သွားလိုကြောင်း ၊ ရေကြောင်းဆိုင်ရာ လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုကို တိုးချဲ့သွားပြီး တောင်တရုတ်ပင်လယ် တည်ငြိမ်အေးချမ်းမှု ရရှိရေးကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ အာဆီယံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာအား တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုနှင့် ချိတ်ဆက်သွားလိုပြီး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ အသစ်များ အဆက်မပြတ် ဖော်ဆောင်သွားလိုကြောင်း ၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုအား တိုးချဲ့ပြီး အရှေ့အာရှ အသိုက်အဝန်းတည်ဆောက်ရေးနှင့် ဒေသတွင်း စီးပွားရေးအသိုက်အဝန်းတည်ထောင်ရေးတို့ကို တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးကျင်းပစဉ်အတွင်း “၂၀၃၀ ခုနှစ် တရုတ်-အာဆီယံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး မျှော်မှန်းချက်” အား အတည်ပြုနိုင်ခဲ့ပြီ သိပ္ပံနှင့်နည်းပညာတီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ပူးတွဲကြေညာစာတမ်းအား ထုတ်ပြန်ခဲ့ကာ ၂၀၁၉ ခုနှစ် အား မီဒီယာဖလှယ်ရေးနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။(Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006