တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ချစ်ကြည်ရေးခရီးစဉ်အတွင်း ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုအား သဘောတူပြီး ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးရန် သဘောတူကြောင်း ပူးတွဲကြေညာချက်တစ်စောင်အား နိုဝင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
ရှီနှင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးတို့သည် နှစ်နိုင်ငံ အစည်းအဝေးပြုလုပ်ခဲ့ပြီး အနာဂတ် တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးအတွက် အစီအစဉ်ရေးဆွဲခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရေးရာများ၏ ဘုံအကျိုးစီးပွားဆိုင်ရာ နက်ရှိုင်းသည့် အမြင်ချင်းဖလှယ်ခြင်းနှင့် အရေးပါသော သဘောတူညီချက်ကို ရရှိခဲ့ကြောင်း ကြေညာချက်အရ သိရသည်။ (Xinhua)