တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံတို့ ကွပ်ကဲအုပ်ချုပ်သူများသည် မဲခေါင်မြစ် ပူးတွဲတရားဥပဒေစိုးမိုးရေး ကင်းလှည့်သင်္ဘောတပ်ဖွဲ့ကို အတူကြီးကြပ်ကာ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်(၈)နာရီက တရုတ်နိုင်ငံ ယူနန်ပြည်နယ်စစ်ဆောင်ပန်းနား ကွမ်လိပ်ဆိပ်ကမ်းမှတစ်ဆင့် ထွက်ခွာပြီး (၇၆)ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲတရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခြင်းကို တရားဝင် စတင်လိုက်သည်။
ယခုအကြိမ် ပူးတွဲတရားဥပဒေစိုးမိုးရေးဆောင်ရွက်မှုတွင် ၅ ရက် ၄ ည ခရီးစဉ်အတွင်း ကီလိုမီတာ (၅၀၀) ကျော် ခုတ်မောင်းကြောင်း၊ ရွှေတြိဂံဒေသရေပိုင်နက်တွင် “၂၀၁၈ ခုနှစ် ထိန်းသိမ်းစောင့်ကြပ်ခြင်း” ဟူသော တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် တရားဥပဒေစိုးမိုးရေး ပူးတွဲဆောင်ရွက်ခြင်း သင်္ဘောလှည့်စစ်ရေးပြချီတက်ပွဲနှင့် ရေပေါ်တိုက်ဖျက်ရေး အစမ်းလေ့ကျင့်ခြင်းနှင့် ရဲတပ်ဖွဲ့လက်တွေ့စစ်ဆင်ရေး အစမ်းလေ့ကျင့်ခြင်း စသည်တို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လေးနိုင်ငံတို့ ကွပ်ကဲအုပ်ချုပ်ဌာနနှင့် ၀န်ထမ်းများမှ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်ခြင်း တိုက်ဖျက်ရေးကို မြှင့်တင်သွားရန်အတွက် ရည်ရွယ်ထားကြောင်း ယူနန်ပြည်နယ် နယ်ခြားစောင့်တပ်အဖွဲ့ချုပ်မှ သိရပါသည်။
ဆင်ဟွာသတင်းထောက်-Xie Ziyi