သိပ္ပံနည်းပညာဆိုင်ရာ ပထမအကြိမ် တရုတ်-မြန်မာပူးတွဲကော်မတီအစည်းအဝေးကို တရုတ်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနတို့ နိုဝင်ဘာလ(၂၃)ရက်နေ့က မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီး ဌာနတွင် ကျင်းပခဲ့ကြောင်း Yunnan Gateway သတင်းမှ သိရပါသည်။
မြန်မာနိုင်ငံတရုတ်သံရုံး၊ တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သက်ဆိုင်ရာသုတေသနဌာနနှင့်ဒေသသိပ္ပံနှင့် နည်းပညာဌာနနှင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်နှင့်ပါရဂူများသည် အဆိုပါအစည်းအဝေးကို တက်ရောက်ဆွေးနွေးကြကြောင်း သိရပါသည်။