မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဝန်ထမ်းများ ကူမင်းမြို့တွင် “မေတ္တာအိမ်”မွမ်းမံသင်တန်းသို့ ပါဝင်တက်ရောက်

2018-11-28 17:26:43 |သတင်းအရင်းအမြစ် 云桥网

ယူနန်ပြည်နယ်ကြက်ခြေနီအသင်းက ဦးစီးပြီးကျင်းပသည့် “ကြက်ခြေနီ၏ အကျိုးထိရောက်မှု ပြန်လည် ရရှိခြင်းနှင့် မေတ္တာအိမ်”မွမ်းမံသင်တန်းကို နိုဝင်ဘာ(၂၅)ရက်နေ့က ကူမင်းမြို့တွင် ဖွင့်လှစ်သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဒေသအသီးသီးမှ ဝန်ထမ်း၊ ပရဟိတသမား (၁၉)ဦးသည် အဆိုပါ သင်တန်းသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းအရ သိရပါသည်။

အဆိုပါ မွမ်းမံတင်တန်းကို (၁၀)ရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း၊ ကြက်ခြေနီ၏ အကျိုးထိရောက် မှုပြန်လည်ရရှိခြင်း၊ သက်ကြီးရွယ်အိုများကို ပြုစုခြင်း၊ ပရဟိတဝန်ဆောင်မှုများ၊ အများပြည်သူနှင့် သက်ဆိုင်သောကျန်းမာရေးကိစ္စများ စသဖြင့် အပြန်အလှန်ဖလှယ်ခြင်းများ ပါဝင်ကြောင်း၊ ထို့ပြင် သင်တန်းသူသင်တန်းသားများသည် ကူမင်း၊ ချိုကျင့်မြို့၏ ကြက်ခြေနီစီမံကိန်းများကို သွားရောက် လေ့လာမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

ယခုအကြိမ်မွမ်းမံသင်တန်းမှတစ်ဆင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဖလှယ်ရေး အပါအ၀င် အပြန် အလှန်သဘောပေါက်နားလည်ရေးတို့ကို ပိုမိုနက်ရှိုင်းစေရန်၊ ကြက်ခြေနီအသင်း၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်မှုအား ထူးကဲသော၊ ပိုမိုကျွမ်းကျင်သော၊ သိပ္ပံနည်းပညာကျသောနည်းလမ်းရှာဖွေရန်၊ အထူး သဖြင့် ကြက်ခြေနီ၏ အကျိုးထိရောက်မှုပြန်လည်ရရှိခြင်း၊ ပရဟိတသမားများ အရေးပေါ် ကယ်ဆယ်ရေး များတွင် ပါဝင်ခြင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေး စသည့်နယ်ပယ်တွင် နိုင်ငံဖြတ်ကျော် နေရာဒေသစုံ ဖုံးလွှမ်းနိုင်သော စံနမူနာပြုကူညီထောက်ပံ့မှုအဖွဲ့ကို တည်ထောင်ရန်အတွက် ရည်ရွယ် ထားသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006