လန်ချမ်း-မဲခေါင် နိုင်ငံတကာအသက်မွေးဝမ်းကျောင်းကောလိပ်၏ ပထမအသုတ်ပညာတော်သင်များကို ကြိုဆို

2018-11-29 16:56:44 |သတင်းအရင်းအမြစ် 云桥网

ယဉ်ကျေးသောလာအိုအက၊ အရှေ့တောင်အာရှပုံရိပ်ပြည့်စုံသော ၀တ်စားဆင်ယင်မှုပြသခြင်း၊ တရုတ် ဗျပ်စောင်းတီးမှုတ်ခြင်း၊ တရုတ်ယီတိုင်းရင်းသားအကတင်ဆက်ခြင်း ……

ယူနန်မင်းဇုတက္ကသိုလ်လက်အောက်ရှိ လန်ချမ်း-မဲခေါင်နိုင်ငံတကာအသက်မွေးဝမ်းကျောင်းကောလိပ် သည် နိုဝင်ဘာ(၁၉)ရက်နေ့က ကျောင်းသူကျောင်းသားသစ် ကြိုဆိုပွဲကို ကျင်းပခဲ့ပြီး လန်ချမ်း- မဲခေါင် မြစ်ဝှမ်းတစ်လျှောက်ရှိ တရုတ်၊ ကမ္ဘာဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နန်နိုင်ငံမှ ကျောင်းသူ ကျောင်းသားများသည် အဆိုအကများဖြင့် ကျောင်းဘဝသစ်ခရီးကို ကြိုဆိုခဲ့သည်။

ယခုနှစ်စက်တင်ဘာလတွင် ကမ္ဘာဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နန် (၅)နိုင်ငံမှ ကျောင်းသူ ကျောင်းသား(၁၀၉)ယောက်သည် အဆိုပါကောလိပ်၏ ပထမအသုတ် ပညာတော်သင်အဖြစ် ပညာ သင်လာရောက်ခဲ့ပြီး (၄)-(၅)နှစ်အချိန်ကာလအတွင်း သူတို့သည် ငွေကြေးနှင့်ဘဏ္ဍာရေးရာ စီမံ ခန့်ခွဲရေး၊ စီးပွားရေးပညာရပ်၊ ခရီးသွားလာရေးစီမံခန့်ခွဲမှု စသည့်ပညာရပ်(၃)ခုကို ပြည့်စုံစွာ သင်ယူ ရမည်ဖြစ်ကြောင်း သိရပါသည်။

ကျောင်းသူကျောင်းသားသစ်များကြိုဆိုပွဲတွင် ဗီယက်နန်နိုင်ငံမှ ကျောင်းသူ ယွမ်ချွေယမ်သည် ကျောင်းရောက်ရှိပြီး (၂)လကြာ၏ နေထိုင်မှုဘဝကို မျှဝေခဲ့သည်။ “ကျွန်မရောက်ခါစက ဇာတိကို အရမ်းလွမ်းတယ်၊ ဒါပေမဲ့ အခု ကျောင်းနဲ့ တော်တော်လေးကို လိုက်လျောညီထွေဖြစ်လာတယ်။ ကျောင်း ဆရာဆရာမနဲ့ ကျောင်းဝင်းမှာရှိတဲ့ အစစအရာရာကို ကျွန်မအကုန်ကြိုက်နှစ်သက်ပါတယ်”ဟု သူမက ပြောကြားခဲ့သည်။ “ပညာတော်သင်ခရီးစဉ်က ကျွန်မအသက်ထက်ဆုံးဘဝမှာ မမေ့နိုင်တဲ့ခရီးစဉ်တစ်ခု ဖြစ်တယ်။ လန်ချမ်း- မဲခေါင်စနစ်က ကျွန်မရဲ့မူလနေထိုင်မှုပုံစံကို ပြောင်းလဲစေတယ်”ဟု သူမက ဆက်လက်ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံမှကျောင်းသား ချောင်ယဉ်ကြည့်ကလည်း ယွမ်ချွေယမ်ကဲ့သို့ ထင်မြင်ယူဆကြောင်း ပြော သည်။ သူသည် ပညာတော်သင်အခွင့်အရေးကို လေးစားရကြောင်း၊ နောင်တွင် လန်ချမ်း- မဲခေါင်မြစ်ဝှမ်းတစ်လျှောက်အတွက် အကျိုးဆောင်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း၊ သူတို့ကြောင့် လန်ချမ်-မဲခေါင်မြစ်ဝှမ်းတစ်လျှောက်သည် ပိုမိုကောင်းမွန်လာနိုင်ကြောင်း စသဖြင့် ပြောကြားခဲ့သည်။

သတင်းအရ သီးသန့်ပညာရပ်အပြင် ကောလိပ်သည်လည်း ပညာတော်သင်များအတွက် ထိုက်ကျိ သိုင်းပညာ၊ တရုတ်ရှေးခေတ်ဂီတ၊ စုတ်တံလက်ရေးပညာ၊ စက္ကူညှပ်ပညာ စသည့်တရုတ်ယဉ်ကျေးမှု သင်တန်းကို ဖွင့်လှစ်ပို့ချပေးသည်။ တချိန်တည်းတွင် ပညာတော်သင်များက ယူနန်တိုင်းရင်းသား လူမျိုးစုများ၏ ယဉ်ကျေးမှုကို သိရှိခံစားစေရန် စားပွဲရှည်စားသောက်ပွဲ စသည့်အစီအစဉ်များကိုလည်း ကောလိပ်မှ စီစဉ်ပေးခဲ့သည်။

မြန်မာ့ကျောင်းသားဟွမ်ရှင်းယွမ်သည် တရုတ်ယဉ်ကျေးမှုသင်တန်းကို အရမ်းသဘောကျသည်။ သူသည် ကျောင်းဆရာ၏ညွှန်ကြားမှုမှတစ်ဆင့် စက္ကူညှပ်လက်ရာကို ပြုလုပ်ခဲ့သည်။ “မြန်မာပြည် ပြန်တဲ့အခါ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို ပြမယ်။”ဟု သူက သတင်းထောက်အား ပြောကြားခဲ့သည်။ တရုတ်ယဉ်ကျေးမှုကို စိတ်ဝင်စားနေသည်မှာ အချိန်ကြာပြီဖြစ်ကြောင်း၊ တရုတ်စက္ကူညှပ်ပညာကို စာအုပ်တွင် တွေ့ရှိခဲ့ပြီး ယခုကိုယ်တိုင်လက်တွေ့ပြုလုပ်သိရှိခံစားနိုင်သည့်အတွက် ဝမ်းသာ ဂုဏ်ယူမိပါကြောင်း သူကလည်း ပြောကြားခဲ့သည်။

လာအိုမှ ကျောင်းသားခဲ့လိသည် “ယူနန်ရောက်တာ မကြာသေးပေမဲ့ နိုင်ငံအသီးသီးက ကျောင်းသူ ကျောင်းသားနဲ့ ခဏလေးအတွင်းမှာပဲ သူငယ်ချင်းတွေဖြစ်သွားတယ်။ တရုတ်ပြည်သူပြည်သားတို့က ရင်းနှီးချစ်ခင်တယ်၊ ယဉ်ကျေးမှုလည်း ပေါကြွယ်ဝတယ်၊ ကျွန်တော့်ကို ဆွဲဆောင်နေတယ်”ဟု ပြောကြားခဲ့သည်။

လန်ချမ်း-မဲခေါင်နိုင်ငံတကာအသက်မွေးဝမ်းကျောင်းကောလိပ်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ကာ ကျောင်းသူကျောင်းသားခေါ်ယူခြင်းဖြစ်သည်။ ၎င်းသည် လန်ချမ်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဒုတိယအကြိမ် နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး၏ အကျိုးရလဒ်တစ်ရပ်ဟု ပြောနိုင်သည်။ ကောလိပ်သည် “တန်းတူညီမျှခြင်း၊ အပြန်အလှန်ကူညီပေးခြင်းနှင့် မိသားစုကဲ့သို့ ချစ်ခင်ခြင်း”ဟူသောဆောင်ပုဒ်နှင့်အညီ လိုက်လျောညီထွေရှိပြီး လန်ချမ်း- မဲခေါင်မြစ်ဝှမ်းတစ်လျှောက် နိုင်ငံတော်စီးပွားရေးနှင့် ထုတ်လုပ်ရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကရည်ရွယ်ထားကာ ပညာကျွမ်းကျင် သူများကို မွေးထုတ်ပေးနေသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006