တစ်ကမ္ဘာလုံးတွင် Alipay အသုံးပြုသူ သန်းပေါင်း ၉၀၀ ကျော်ရှိပြီဟုယခုလ ၂၈ ရက်နေ့က Alipayတရားဝင်ကြေညာခဲ့ကြောင်း၊ လွန်ခဲ့သည့်တစ်ကြိမ်ကထုတ်ပြန်သော ဂဏန်းမှာ အသုံးပြုသူဦးရေမှာ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းကသန်းပေါင်း၄၅၀ ဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။
အသုံးပြုသူဦးရေတိုးများလာသောအကြောင်းရင်းကို ပြောခဲ့ရာ၌ Alipay ၏ Ant Financial Services Groupသည် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်တွင် Alipayကုမ္ပဏီသည် ငွေရင်းနှီးမြှုပ်နှံမှုတိုးပြီး Alipayစနစ်ဖြင့် ပြည်ပရောက်တရုတ်ခရီးသည်များအားဝန်ဆောင်မှု ပေးရုံသာမက တရုတ်ရှိနည်းပညာနှင့်ကူးသန်းရောင်ဝယ်ရေးအသွင်ပုံစံကိုလည်း အိန္ဒိယ၊ ပါကစ္စတန်၊ ထိုင်း၊ ဖိလစ်ပိုင်စသည့်နိုင်ငံများသို့ လှဲပြောင်းပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ပုံ--တရုတ်သတင်းဌာန