ဖွံ့ဖြိုးပြီးနိုင်ငံများ ကတိပြု ခဲ့သည့် အကူအညီ များ လက်တွေ့ ဆောင်ရွက်ရန် နိုင်ငံတကာ အသိုင်းအဝိုင်း က တိုက်တွန်းသင့်ကြောင်း တရုတ် နိုင်ငံ ပြောကြား

2018-12-06 18:45:20 |သတင်းအရင်းအမြစ် 新华网

ကုလသမဂ္ဂ ဆိုင်ရာ တရုတ် နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် မာကျောင်းရွှီ(Ma Zhaoxu) က ဒီဇင်ဘာ ၄ ရက် ၌ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အလယ်အလတ် ဝင်ငွေ ရရှိနိုင်သည့် နိုင်ငံများ အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများ ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ဖွံ့ဖြိုးပြီး နိုင်ငံ များ တရားဝင် ကတိပြုခဲ့သော အကူအညီများအား လက်တွေ့ အကောင်အထည်ဖော်ရန် တိုက်တွန်းရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အစည်းအဝေး တွင် ပြောကြား ခဲ့သည်။

မာကျောင်းရွှီ က ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံ ကျင်းပ ပြုလုပ်စဉ် အတွင်း လက်ရှိချိန်တွင် ဖွံ့ဖြိုးဆဲ နိုင်ငံ များက စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရပြီး ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ကို သတ်မှတ်ချိန် အတိုင်း အကောင်အထည် ဖော်သွားရမည် ဖြစ်ကြောင်း ၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အလယ်အလတ်ဝင်ငွေ ရရှိနိုင်သည့် နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် အားကောင်းသည့် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် မာကျောင်းရွှီ က နိုင်ငံတကာ အခြေအနေ မည်သို့ပြောင်းလဲစေကာမူ တရုတ် နိုင်ငံ နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအတူတကွ ရပ်တည်မှုသည် ပြောင်းလဲမည် မဟုတ်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံများ ၏ အတူတကွ အကျိုးစီးပွားကို ခိုင်မြဲစွာ ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများ အား ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် အဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အတူတကွ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ခြင်းဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ အတူတကွ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006