ကမ္ဘာ့အလျားကူးအရှည်ဆုံးရထားခုံးကျော်တံတားကို ယူနန်တွင် ပေါင်းစည်းတည်ဆောက်ခဲ့

2018-12-11 18:17:22 |သတင်းအရင်းအမြစ် 云桥网

အလေးချိန် တန်(၂၀) အသီးသီးရှိသည့် သံမဏိတိုင်နှစ်ခုကို တိကျမှန်ကန်စွာ ချိတ်ဆက်လိုက်ပြီဖြစ်ရာ တာ့လီ-ရွှေလီရထားလမ်းကြောင်း၏ အရေးပါသောစီမံကိန်းဖြစ်သည့် နုကျန်းရှစ်ရှန်အကြီးဆုံးတံတားသည် ဒီဇင်ဘာလ(၁၀)ရက်နေ့က သံမဏိရက်မစင်ကို အချိန်မီ ပေါင်းစည်းတည်ဆောက်ခဲ့သည်။ ဤတံတားကြီး၏အဓိက အလျားကူးအားဖြင့် အရှည်(၄၉၀)မီတာရှိသည့် သံမဏိရက်မစင်ဖြင့် တည်ဆောက်သည့်အတွက်ကြောင့် မျက်မှောက်ကာလတွင် ကမ္ဘာ့အမျိုးအစားတူသော ရထားလမ်းကြောင်းတံတားကြီးများအနက် အလျားကူးအရှည်ဆုံးသော ရထားလမ်းကြောင်းတံတားကြီးအဖြစ် စံချိန်သစ် ဖန်တီးနိုင်ခဲ့ပါသည်။

နုကျန်းရှစ်ရှန်အကြီးဆုံးတံတားသည် ယူနန်ပြည်နယ် ပေါင်စန်မြို့ ရှီတျန်ခရိုင်နှင့် လုံးလင်ခရိုင် ဆက်စပ်ရာနေရာတွင် တည်ရှိပါသည်။ စုစုပေါင်းအရှည်မှာ (၁၀၂၄)မီတာရှိပါသည်။ မြစ်ရေမျက်နှာပြင်မှ တံတားကြီး၏ အပေါ်ယံအထိ အမြင့်အရှည်မှာ (၂၃၀)မီတာရှိပါသည်။ ၎င်းတံတားကြီး၏ အနံမှာ (၂၄.၉)မီတာရှိပါသည်။ ဤတံတားကြီးကို သံမဏိ တန် ၄၆၀၀၀ ကို အသုံးပြုတည်ဆောက်ထားရာ ပါရီမြို့Eiffel Tower(၆.၅)ခုကို တည်ဆောက်ရန်အသုံးပြုသည့် သံမဏိ၏အလေးချိန်နှင့် တူညီပါသည်။

ဤတံတားကြီးသည် ကောက်လီကုန့်တောင်လိုဏ်ခေါင်းနှင့် ကျင်ကန်ယွမ်လိုဏ်ခေါင်းကို ချိတ်ဆက်ထားပါသည်။ ပတ်ဝန်းကျင်နှင့်မြေအသွင်အပြင်၏ ကန့်သတ်ချက်ကြောင့် နုကျန်းရထားဘူတာသည် တံတားပေါ်တွင် တည်ဆောက်ရတော့သည်။ သို့ဖြစ်၍ ဤတံတားကြီး၏အနံနှင့် ၀န်ဆောင်မှုသည် အခြားသော သာမန်ရထားလမ်းကြောင်းတံတားကြီးများထက် များစွာမြင့်မားလျက်ရှိနေပါသည်။ ဤကဲ့သို့ အလျားကူးအရှည်ဆုံး၊ အတိုင်းအတာအကြီးမားဆုံးသော လမ်းကြောင်း(၄)ကြောင်းရှိသည့် ရထားဘူတာတည်ဆောက်ခြင်းသည် ကမ္ဘာ့ရထားတံတားကြီးတည်ဆောက်ရေးသမိုင်းတွင် မရှိခဲ့ပေ။

တည်ဆောက်ရေးတွင် တည်ဆောက်သူသည် ကမ္ဘာ့ရှေ့တန်းရောက် ရထားလမ်းကြောင်းခုံးတံတား တည်ဆောက်ရေးနည်းပညာများစွာကို အသုံးပြုကာ တည်ဆောက်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရန် ခက်ခဲခြင်း၊ တိကျမှန်ကန်စွာ ပေါင်းစည်းတည်ဆောက်ရန် လိုအပ်ခြင်း၊ ရာသီဥတု စသည့်အခက်အခဲများကို ဖြေရှင်းပြီး စီမံသည့်အတိုင်း အောင်မြင်စွာ ပေါင်းဆုံတည်ဆောက်နိုင်ခဲ့သည်။

နုကျန်းအကြီးဆုံးတံတား၏ အဓိကအလျားကူးအပိုင်းကို ပေါင်းစည်းတည်ဆောက်ပြီးစီးကာ ၎င်းရက်မနှင့်တိုင်ကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဤတံတားကြီးတစ်ခုလုံးကို လမည့်နှစ် နှစ်ကုန်ပိုင်းတွင် ပြီးမြောက်အောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ၎င်းတံတားကြီးတည်ဆောက်ရေးမှာ တရုတ်နိုင်ငံ ရှုပ်ထွေးသောအခြေအနေမှာပင် အဖွဲ့အစည်းသစ်ဖြစ်သည့် တံတားကြီး စီမံရေး၊ တည်ဆောက်ရေးနှင့် သုတေသနပြုရေးတို့အတွက် ရှားပါးသောအတွေ့အကြုံများကို စုဆောင်းလိုက်ခြင်းဖြစ်ကြောင်း ယူနန်-ကွမ်ရှီးရထားလမ်း ယူနန်လီမိတက်ကုမ္ပဏီမှ သက်ဆိုင်ရာတာဝန်ရှိသူက ပြောကြားသွားပါသည်။

တာ့လီ-ရွှေလီ ရထားလမ်းစုစုပေါင်းအရှည်မှာ (၃၃၀)ကီလိုမီတာရှိကာ တရုတ်-မြန်မာအပြည်ပြည်ဆိုင်ရာလမ်းကြောင်း၏ အဓိကအစိတ်အပိုင်းဖြစ်ကြောင်း၊ ၎င်းသည် တရုတ်နိုင်ငံ “တာရှည်တာလတ် ရထားလမ်းကွန်ရက် စီမံကိန်း” အတိုင်း ကွန်ရက်ကို ပြီးပြည့်စုံအောင် ဖော်ဆောင်သည့်လုပ်ငန်းရပ်နှင့် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” တည်ဆောက်ရေးတွင် အရေးပါသောလမ်းပန်းဆက်သွယ်ရေးအခြေခံအဆောက်အဦးဖြစ်ကြောင်း၊ တည်ဆောက်မှုပြီးမြောက်လျှင် တာ့လီမှ ရွှေလီအထိ ခရီးစဉ်အချိန်မှာ မူလက ၆ နာရီမှ ၂ နာရီအထိ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ယူနန်ပြည်နယ် အနောက်ပိုင်းဒေသ၏ လမ်းပန်းဆက်သွယ်ရေးပုံစံကို အဆင့်မြှင့်တင်ပြောင်းလဲစေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများအကြား ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးကို မြှင့်တင်ရန် တက်တက်ကြွကြွ အကျိုးပြုစေနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

သတင်းထောက်--Li Hengqiang၊ သတင်းပို့သူ--Zhang Weiming၊ Wang Zhongxia

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006