(၁၇)ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၁၂)ရက်နေ့က မြန်မာနိုင်ငံ မူဆယ်ဗဟိုကုန်သွယ်ရေးဇုန်တွင် ကျင်းပသည်။
ယခုအကြိမ်ကုန်စည်ပြပွဲအား (၃)ရက် ဆက်တိုက်ကျင်းပမည်ဖြစ်သည်။ တရုတ်လုပ်ငန်းအဖွဲ့(၁၄၀)ခုမှ ပြခန်း(၂၆၀)ခုဖြင့် ပါဝင်ပြသကာ မြန်မာ့လုပ်ငန်းအဖွဲ့(၈၀)ခုမှ ပြခန်း(၁၂၀)ခုဖြင့် ပါဝင်ပြသကြပါသည်။ အဆိုပါပြပွဲကျင်းပစဉ် တရုတ်-မြန်မာကုန်သွယ်ရေးပူးတွဲကော်မတီ ဦးစီးဌာနအဆင့်အစည်းအဝေး၊ တရုတ်-မြန်မာ စားသုံးသူအခွင့်အရေးကာကွယ်ခြင်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းဆွေးနွေးပွဲ စသည့်လှုပ်ရှားမှုများလည်း ကျင်းပသွားမည်ဖြစ်သည်။
၂၀၀၁ ခုနှစ်မှစ၍ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲသည် တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ဒေသတွင် အလှည့်ကျကျင်းပပါသည်။ ကုန်စည်ပြပွဲ၊ ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးပွဲ၊ လုပ်ငန်းရင်းနှီးမှုခေါ်ယူခြင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုဖလှယ်ရေး စသည်များဖြင့် ပေါင်းစည်းထားသော ဒေသတွင်း နိုင်ငံတကာ ကုန်သွယ်ရေးပွဲတော်ကြီးတစ်ခု တစ်ဖြည်းဖြည်း ဖြစ်လာပါတော့သည်။
သတင်းထောက်--Guan Yushu ဓာတ်ပုံ--CNR