ချိန်ဂုံဇုန်သစ်တွင် ကျန်းဝေမင်းသည် ကွန်ပျူတာရှေ့ထိုင်ကာ ဓာတ်ပုံမှတ်တမ်းစာအုပ်ကို စီမံသိမ်းဆည်းနေပါသည်။ စာမျက်နှာတိုင်းလှန်လှောရင်းနှင့် နှစ်(၄၀)အတွင်း ကူမင်းမြို့၏ မြို့အသွင်အပြင်၊ စီမံတည်ဆောက်ရေးနှင့် ပြောင်းလဲမှုဖြစ်စဉ်ကို တွေ့မြင်နိုင်ပါသည်။ သူသည် ဓာတ်ပုံဟောင်းနှင့်ဓာတ်ပုံအသစ်ကို နှိုင်းယှဉ်ကာ သိမ်းဆည်းလျက်ရှိပါသည်။ ရှားပါးသောဓာတ်ပုံမှတ်တမ်း အချက်အလက်များကိုလည်း ဖန်တီးပေးခဲ့ပါသည်။
ကျန်းဝေမင်းသည် ကူမင်းမြို့စီမံခန့်ခွဲရေးဌာနမှ အနားယူခဲ့ပြီး ယခုအခါ အသက်(၇၀)နှစ် ရောက်တော့မည်ဖြစ်သည်။ ငယ်စဉ်က သူသည် ဓာတ်ပုံရိုက်ကူးဝါသနာအိုး တစ်ယောက်ဖြစ်သည်။ (၇၀)ဆယ်စုနှစ်ပိုင်းတွင် သူက တယ်ဟုန်တိုင်၊ ဂျင်းဖောတိုင်းရင်းသားလူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရင်ကျန်ခရိုင်မှ ကူမင်းသို့ ပြန်ရောက်ကာ အလုပ်နားချိန်တွင် ကူမင်းကို စတင်ရိုက်ကူးတော့သည်။ ထိုနှစ်ပိုင်းများတွင် ယခင်က ကူမင်း၏ မြို့ပြအသွင်ပြင်၊ မြို့ပြအဆောက်အဦး၊ ရပ်ကွက်ယဉ်ကျေးမှုကို စနစ်တကျ စီမံပြီး ရိုက်ကူးလာပါသည်။ ကူမင်းမြို့ရှိ ရပ်ကွက်တိုင်းအား သိကျွမ်းလာပါသည်။ ယခုလက်ရှိအချိန်တွင် သူက (၈၀)မှ(၉၀) ဆယ်စုနှစ်ပိုင်းက မြို့ပြဓာတ်ပုံ အများဆုံးရိုက်ကူးထားသော ဓာတ်ပုံဆရာတစ်ယောက် ဖြစ်ပါသည်။ ထောင်နှင့်ချီသော ရှားပါးသည့် ကူမင်းဓာတ်ပုံဟောင်းများကို ရိုက်ကူးထားပါသည်။
၎င်းဆရာ၏ မှတ်တမ်းတင်ဓာတ်ပုံစာအုပ်များကို လှန်ကြည့်ပါက နှစ်ပေါင်း(၄၀)အတွင်း ကူမင်းမြို့၏ ပြုပြင်ပြောင်းလဲမှုမြင်ကွင်းကို အပြည့်အ၀ သိရှိနိုင်မည်ဖြစ်ပါတော့သည်။
သတင်းထောက်-Zhang Tong၊ Huang Zhechun