တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးမျာအသင်းရန်ကုန်အခြေစိုက်ရုံးခန်းဆိုင်းဘုတ်တင်ဖွင့်လှစ်ခြင်းအခမ်းအနားအား ဒီဇင်ဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း သတင်းအရ သိရပါသည်။ ရန်ကုန်မြို့တွင် ဖွင့်လှစ်ခြင်းသည် တယ်ဟုန်ပြည်နယ်ခွဲ၏ (၆)ခုမြောက်ရုံးခွဲဖြစ်ပြီး တယ်ဟုန်ပြည်နယ်ခွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအကြား စီးပွားကုန်သွယ်ရေးဆက်ဆံမှုကို တိုးမြှင့်စေရန်၊ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီလုပ်ငန်းများအတွက် ဝန်ဆောင်မှုတင်ပြပေးစေရန်၊ မြန်မာကုန်သည်များ ယူနန်သို့ ရင်းနှီးမြှုပ်နှံစေရန် ရည်ရွယ်ထားပြီး တည်ထောင်ခြင်းဖြစ်သည်။
တယ်ဟုန်ပြည်နယ်ခွဲသည် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးတွင် ရှေ့တန်းနေရာဖြစ်ပြီး နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကို တိုးများစေရန် တွန်းအားပေးနေကြောင်း၊ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”အဆိုပြုချက်နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံမူဘောင်ကောက်တွင် တယ်ဟုန်ပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံအကြား စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုများပြားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တယ်ဟုန်ပြည်နယ်ခွဲသည် တရုတ်နှင့်မြန်မာအကြား ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုပေါင်းကူးတံတားအဖြစ် နှစ်နိုင်ငံချစ်ကြည်ရေးကို တိုးမြှင့်ရန်၊ ပြည်သူပြည်သားများအတွက်အကျိုးဆောင်ပေးစေရန် ကြိုးစားမည်ကြောင်းတယ်ဟုန်ပြည်နယ်ခွဲ ဒုအုပ်ချုပ်ရေးမှူးကျန်းဟွေး ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
သတင်းအရ၊ ၂၀၁၂ခုနှစ် ဒီဇင်ဘာလကတည်းက တယ်ဟုန်ပြည်နယ်ခွဲသည် မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ နေပြည်တော်၊ ဗန်းမော် စသည့်နေရာတွင် ကုန်သည်ကြီးများရုံးခန်းကို ရှေ့ဆင့်နောက်ဆင့် ဖွင့်လှစ်ခဲ့ပြီး တရုတ်နှင့်မြန်မာနိုင်ငံအကြား လယ်ယာစိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေး၊ ခရီးသွားလာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ပြည်သူပြည်သားများ အပြန်အလှန်သွားလာဆက်ဆံရေးနှင့် လူနေမှု စသည့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုနှင့်ဖလှယ်ခြင်းအတွက် အကျိုးထိရောက်မှုကို ဖော်ဆောင်ပေးနေသည်။(Yunnan Gateway)