တရုတ်နိုင်ငံသည် အမှတ် ၃ တယ်လီကွန်းဆက်သွယ်မှုနည်းပညာ စမ်းသပ်ရေးဂြိုဟ်တု တစ်လုံးအား ဒီဇင်ဘာ ၂၅ ရက်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဂြိုဟ်တုအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်းစီချွမ်ပြည်နယ်ရှိ ရှီချန်ဂြိုဟ်တုလွှတ်တင်ရေး စင်တာ မှ Long March-3C ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၀း၅၃ နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ယင်းဂြိုဟ်တုအား တရုတ်နိုင်ငံလေကြောင်းအာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းမှ ဖန်တီး ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုလွှတ်တင်မှုသည် Long March ဒုံးပျံ၏ ၂၉၆ ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။ (Xinhua)