တရုတ်ပြည်တွင်း ပထမဦးဆုံး နိုင်ငံတော်အဆင့် “ 5G New Media ဖောင်ဒေးရှင်း”ကို ဗဟို အသံလွှင့်နှင့် တီဗွီဌာနချုပ်တွင် စတင်တည်ထောင်

2018-12-29 16:57:26 |သတင်းအရင်းအမြစ် 新华网

တရုတ်ဗဟိုအသံလွှင့်နှင့် တီဗွီဌာနချုပ်သည် China Unicom ၊ China Mobile နှင့် China Telecom စသည့်ကုမ္ပဏီတို့နှင့် ဒီဇင်ဘာ(၂၈)ရက်နေ့က ပေကျင်းတွင် 5G New Media ဖောင်ဒေးရှင်း အား အတူတကွ တည်ဆောက်ခြင်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းတို့သည် 5G ကွန်ရက်တွင် ဗီဒီယိုနှင့် အခြားထုတ်ကုန် ထူးခြားဆန်းပြားသည့် ဖန်တီးခြင်းလုပ်ငန်းကို တက်ကြွစွာ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

စမတ်မီဒီယာကို ဆက်လက်စမ်းသပ်သုတေသနပြုမည်ဖြစ်ကြောင်း၊ Big Data နှင့် Artificial Intelligence(AI)ပညာဖြင့် 5G New Media ဖောင်ဒေးရှင်းတည်ထောင်ခြင်းနှင့်လုပ်ငန်းအတွက် တွန်းအားပေးကြောင်း၊ ကိုယ်တိုင်ထိန်းချုပ်နိုင်သော၊ အကျိုးထိရောက်မှုကြီးမားသောနိုင်ငံတော်အဆင့် New Media ဖောင်ဒေးရှင်းကို တည်ထောင်မည်ဖြစ်ကြောင်းဟု တရုတ်ဗဟိုအသံလွှင့်နှင့် တီဗွီဌာနချုပ် ဝန်ကြီးအဆင့် တာဝန်ခံလူကြီးမှ ပြောကြားခဲ့သည်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာနမှ ကောက်နုတ်တင်ပြထားသည်။
ဘာသာပြန်၊ Yunnan Gateway.

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006