၂၀၁၅ ခုနှစ်ကတည်းက ယူနန်မြန်နှုန်းမြင့်ရထားတည်ဆောက်ရေးမှာ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်သည့်ကာလသို့ ရောက်ရှိနေသည်။ ၂၀၁၆ ခုနှစ်က ရှန်ဟုန်း-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း၊ ယူနန်-ကွမ်ရှီးမြန်နှုန်းမြင့်ရထားလမ်း၊ ကူမင်း-ယွီရှီရထားလမ်း စသည့်ရထားလမ်းကြောင်းများကို ဖောက်လုပ်ကာ ပြေးဆွဲနိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ကူမင်း-ချူရွံ့-တာ့လီရထားလမ်းကို ဖောက်လုပ်ပြေးဆွဲကာ ကူမင်း-ဟောင်ကောင်မြန်နှုန်းမြင့်ရထားမှာ အောင်မြင်စွာ ပြေးဆွဲနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကူမင်း-လီကျန်းမြန်နှုန်းမြင့်ရထားနှင့် ကူမင်း-မွန်ကျီ မြန်နှုန်းမြင့်ရထား အသီးသီး ပြေးဆွဲနိုင်ခဲ့သည်။ ၎င်းတို့ကြောင့် ကူမင်းတောင်ဖက်ဘူတာရုံ၏ အချက်အချာနေရာ အားသာချက်သည် တဖြည်းဖြည်းချင်း ထင်ရှားပေါ်လွင်လာပါသည်။ ယူနန်မြန်နှုန်းမြင့်ရထားတည်ဆောက်ရေးလုပ်ငန်းမှာ ဂုဏ်သတင်းနှင့်သတင်းကောင်းများစွာ ရရှိပါသည်။ စာရင်းဇယားများအရ ၂၀၁၈ ခုနှစ် တရုတ်ရထားလမ်းကြောင်း ကူမင်းမြို့ အုပ်စုအဖွဲ့ခွဲသည် တရုတ်ယွမ် (၂၇.၃၁၉) ဘီလီယံကို ရင်းနှီးမြှုပ်နှံကာ “၂၀၁၈ ခုနှစ် ယူနန်အလယ်ပိုင်းဒေသရှိ ပြည်နယ်ခွဲနှင့် မြို့ပြအတွင်း မြန်နှုန်းမြင့်ရထားချိတ်ဆက်နိုင်ခြင်း” ရည်ရွယ်ချက်ကို အချိန်မီ ဖြစ်မြောက်နိုင်ခဲ့သည်။