ဖေဖော်ဝါရီလ(၂၁)ရက်နေ့ထိ တရုတ်ရထားလမ်းကြောင်း ကူမင်းမြို့ အုပ်စုအဖွဲ့ခွဲသည် ခရီးသည်(၆.၈၁၂)သန်းကို သယ်ယူပို့ဆောင်ကာ အလားတူကာလထက် (၂၅.၄%) တိုးမြှင့်ခဲ့သည်။ မြန်နှုန်းမြင့်ရထားသည် အဆင်ပြေဆုံးနှင့်အလျင်မြန်ဆုံးသော ပို့ဆောင်ရေးယာဉ် ဖြစ်လာပါသည်။ ၂၀၁၉ ခုနှစ်တွင် ယူနန်ပြည်နယ်သည် ချုံချင့်-ကူမင်းမြန်နှုန်းမြင့်ရထားလမ်းကြောင်းကို စတင်တည်ဆောက်ရန် အကောင်အထည်ဖော်ခြင်း၊ ကူမင်း၊ တာ့လီရထားလမ်းကြောင်း အချက်အချာများကို တိုးချဲ့တည်ဆောက်ခြင်း၊ တာ့လီမြန်နှုန်းမြင့်ရထားဘူတာရုံကို အသစ်တည်ဆောက်ခြင်း၊ ချိန်ဒူ-ကွေ့ကျိုး၊ ချိန်ဒူ-ကူမင်းရထားလမ်းကြောင်း၏ ယွံယိမ်ခရိုင်မှ ကွမ်ထုံမြို့နယ်အထိ လမ်းပိုင်းကို အဆင့်မြှင့်တင်ပြောင်းလဲပြီး ပြေးဆွဲနိုင်ခြင်း၊ ဖန်ကျီဟွာ-တာ့လီ-လီကျန်း၊ မွန်ကျီ-၀ိန်စန်၊ လင်ချန်း-ချင်ရွှေဟို စသည့် ရထားလမ်းစီမံကိန်းတည်ဆောက်ရေးကို တစိုက်မတ်မတ် မြှင့်တင်ပေးခြင်း၊ ရထားလမ်းကြောင်း တည်ဆောက်ရေးအတွက် တရုတ်ယွမ်(၂၈)ဘီလီယံအထက် ရင်းနှီးမြှုပ်နှံခြင်း စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။