ဇွန်လ ၁၅ ရက်နေ့တွင် ၂၀၁၉ ခုနှစ် တောင်အာရှ၊ အရှေ့တောင် အာရှနိုင်ငံများကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုကုန်သွယ်ညှိနှိုင်းပွဲ (ကုန်သွယ်ညှိနှိုင်းပွဲ ဟုအတိုချုံခေါ်သည်) တွင် ကူမင်းမြို့သူမြို့သားများသည် ရုံးပိတ်ရက်ကာလအတွင်း ပြပွဲသို့ လာရောက်ကြည့်ရှုကြသည်။ နိုင်ငံခြားယဉ်ကျေးမှုဓလေ့ထုံးစံကို ခံစားရင်းနှင့် တမူထူးခြားသော ကုန်စည်များကို ၀ယ်ယူလျက်ရှိရာ ပြခန်းတိုင်းတွင် ဈေးဝယ်သူများဖြင့် စည်ကားလျက် ရှိနေပါသည်။