အောက်တိုဘာ ၂၀ ရက်နေ့က“ရောင်စုံယူနန်”အလှပြယာဉ်အား ပြည်သူများအားပြသခြင်းစတင်သည့်အခမ်းအနားကို ယူနန်ပြည်နယ်ပြတိုက်၌ ကျင်းပခဲ့ပါသည်။ မြို့သူမြို့သားများက အလှပြယာဉ်ကို ကြည့်ရှု၍ လှပသော ယူနန်ပြည်နယ်ဆိုင်ရာ အပြောင်းအလဲအသစ်များကို ခံစားနိုင်ရန်အတွက် ယခုရက်စတင်၍ နှစ်ကုန်အထိ ယူနန်ပြည်နယ်ပြတိုက်၌ “ရောင်စုံယူနန်”အလှပြယာဉ်ကို ပြသထားမည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။
“ရောင်စုံယူနန်” အလှပြယာဉ်သည် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကူမင်းမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ အဆိုပါ အလှပြယာဉ်၏ အရှည်မှာ ၁၅ မီတာ၊ အကျယ်မှာ ၆ မီတာ၊ အမြင့်မှာ ၉.၆ မီတာ ရှိပါသည်။ ယူနန်ပြည်နယ်၏ ထူးခြားသင်္ကေတများဖြစ်သော ဆင်၊ ဒေါင်း၊ ပန်း၊ တောတောင်ရေမြေ၊ မြစ်ချောင်းအင်းအိုင်၊ ရောင်စုံတိမ်၊ ကြေးစည်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်နေသော အဓိပ္ပာယ်ဖောင်ဆောင်ချက်ဖြင့် ဒီဇိုင်းလုပ်ဆောင်ထားပြီး ယူနန်ယဉ်ကျေးမှုကို ကိုယ်စားပြုသော တိုင်းရင်းသားလူမျိုးစု အဆိုအကများကို ပေါင်းစပ်ကာ ယူနန်ပြည်နယ်ဆိုင်ရာ ဒေသထူးခြားချက်၊ ဖွံ့ဖြိးတိုးတက်ရေးအောင်မြင်မှုကို ပြည့်စုံစွာ မီးမောင်းထိုးဖော်ပြထားပါသည်။ “ရောင်စုံယူနန်၊ ခရီးသွားနေရာ၊ ကဗျာနှင့် ပန်းချီကဲ့သို့လှပနေသော ယူနန်တောတောင်၊ ယဉ်ကျေးမှုရတနာ၊ အပန်းဖြေနေရာ၊ တံခါးဖွင့်ရှေ့တန်း၊ ဓာတ်ရောင်ခြည်စင်တာ”အစရှိသော ရုပ်ပုံလွှာကိုလည်း ဖော်ပြထားသည်။
“ရောင်စုံယူနန်”အလှပြယာဉ်ပြသခြင်းအစီအစဉ်သည် နေ့စဉ်နံနက် ၉း၀၀ နာရီမှ ညနေ ၁၇း၀၀ နာရီအထိဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့နံနက် ၁၀း၀၀ တွင် “ရောင်စုံယူနန်”အလှပြယာဉ် လှည့်လည်ပြသခြင်းအခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး ညပိုင်းတွင် ယူနန်ပြဇာတ်ရုံရှိ ပြဇာတ်နှင့် ပေါင်းစပ် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သတင်းအရ သိပါသည်။
သတင်းထောက်။ ။ ဖုန်ယွီကျောင်း(ဆင်ဟွာသတင်းဌာန)