ဆောင်းဦးကာလသည် နွေဦးရာသီကာလထက် ပိုကောင်းပြီး ရှုခင်းသာယာလှသည်။ ရွှေရောင်တောက်ပနေသော ဆောင်းဦးရာသီတွင်ရွှမ်းဝေးမြို့ ရှီးဇီကျေးရွာအုပ်စုတွင် စိမ်းလန်းစိုပြေသော တောတောင်ရေမြေ၊ နေရောင်ဖြင့်နွေးထွေးနေသောလေ၊ သာယာစွာ ကျူးရင့်နေသော ငှက်များ၊ လှပစွာ ပွင့်ဖူးနေသာ ပန်းများဖြင့် ပြည့်စုံနေပါသည်။ ရှီးဇီကျေးရွာအုပ်စုအ၀င်ပေါက်ရှိ တည်သီးပင်ပေါ်တွင် ရွက်စိမ်းများကြွေကျသွားပြီး အကိုင်းမှာ ၀ါရင့်ရင့်တည်သီးများသာ ကျန်ရှိနေသည်။ ရှီးဇီကျေးရွာအုပ်စုအတွင်းတွင် ရီလူမျိုးများသည် ဆိုရင်းကရင်းပျော်ရွှင်စွာ နေထိုင်ကြသည်။ အဝေးမှ ကြွရောက်လာသောဧည့်သည်များသည် ရှုခင်းသာကို ရှုစားပြီး ရှည်လျားသော လမ်းဘေးထမင်းစားပွဲတွင် သုံးဆောင်ကြပါသည်။ ကောက်ညှင်းမွှေးရနံ့ပါသော တည်သီး၏ အရသာကောင်းကို ထိတွေ့ခံစားကြရပါသည်။
ရှီးဇီကျေးရွာအုပ်စုအား“အဖြူရောင်သကြားဇာတိ၊ တည်သီးဇာတိ၊ ၀ါးဇာတိ၊ အိပ်မက်ထဲက မြစ်ချောင်းအင်းအိုင် ပေါများသော ဇာတိ”ဟု အမျိုးမျိုးဂုဏ်ပြုမှည့်ခေါ်ကြပါသည်။ ယခုနှစ်ပိုင်းတွင် ရှီးဇီကျေးရွာအုပ်စုသည် ကြုံတွေ့ရခဲသော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းကို ဖမ်းဆုပ်မိပြီး အတွေးအမြင်သစ်များဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုများပေါ်မူတည်ပြီး ကျေးရွာခရီးသွားလုပ်ငန်းကို တွန်းအားပေးကာဖွံ့ဖြိုးတိုးတက်လာသည်။ ခရီးသွားအရင်းအမြစ်ကို ရှာဖွေခြင်း၊ ခရီးသွားအသိအမြင်ကို ပျိုးထောင်ခြင်း၊ ခရီးသွားဈေးကွက်ကို တိုးချဲ့ခြင်း၊ ခရီးသွားကုန်စည်များဖန်တီးခြင်းစသည့် လုပ်ငန်းနယ်ပယ်အသီးသီးအတွက် လူအင်အား၊ ပစ္စည်းအင်အား၊ ငွေကြေးအင်အားများကို အဆက်မပြတ် ထည့်သွင်းရင်းနှီး၍ “ရှင်သန်လှပသောရှီးဇီ၊ လှပသာယာသောကျေးရွာ”ဟူသော ယဉ်ကျေးမှုခရီးသွားတံဆိပ်ကို တွန်းအားပေးတည်ထောင်ခြင်းဖြင့် ဒေသစီပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးပြီး“စက်မှုလုပ်ငန်းဖြင့် ကျေးရွာအုပ်စုကိုရှင်သန်စေ၊ ခရီးသွားလုပ်ငန်းဖြင့် ကျေးရွာအုပ်စုကို ကြွယ်ဝစေ”သောရည်ရွယ်ချက်ကို ဖော်ဆောင်လျက်ရှိသည်။