ယူနန်ပြည်နယ်ရှိ ထူးခြားချက်(၁၈)မျိုးထဲတွင် တစ်ခုမှာ ပန်းများက ၄ ရာသီစလုံးတွင် အမြဲပွင့်လျက်ရှိပါသည်။ ယူနန်ပြည်နယ်၏ ရာသီ ၄ ခုသည် ရောင်စုံလှနေပါသည်။
ဆောင်းဦးရာသီနှောင်းပိုင်းတွင် တရုတ်နိုင်ငံတစ်နိုင်ငံလုံးသည် ရွှေရောင်တောက်ပနေပါသည်။ သို့သော် ရောင်စုံလှပသော ယူနန်ပြည်နယ်တွင် ထူးခြားသည့် ဆောင်းဦးရာသီအလှကို တွေ့မြင်ရပါသည်။ ကြည့်ပါဦး …တီချင့်ရှန်ဂရီလာမြို့တွင် Stellera ပန်းများက နီရဲရဲပွင့်နေသည်။ တယ်ဟွန် လျောင်ဟယ်တွင် စပါးခင်းများသည် တောင်အထပ်ထပ်နှင့်ပေါင်းစပ်ထားသည်မှာ ကောင်းကင်မှ လှမ်းကြည့်ပါက မြေပြင်ပေါ်ရှိ ရောင်စုံပန်းကန်ကဲ့သို့ ဖြစ်နေသည်။ ၀မ်ရှမ်းဖူကျယ်ဟဲတွင် ဆောင်းဦးရာသီရှုခင်းအလှများက တမူထူးခြားပြီး မှိုင်းမှုန်နေသော တရုတ်ရိုးရာပန်းချီကဲ့သို့ ဖြစ်နေပါသည်။ ယူနန်ပြည်နယ်၏ ဆောင်းဦးရာသီမှာ ရောင်စုံလှပနေဆဲရှိသည်။
သတင်းထောက်။ ။ ကျူးဟွန်ရှာ(ပြည်သူ့ကွန်ရက်)