စနေ၊ တနင်္ဂနွေညနေပိုင်းတွင် ကူမင်းမြို့ နန်ချန်ညဈေးမှာ မီးအလင်းရောင်များဖြင့် အလွန်စည်ကားနေပါသည်။ ထိုင်းနိုင်ငံမှ ထူးခြားသောကုန်စည်ပြပွဲသည် မြို့သူမြို့သားများအား ၀ယ်ယူရန် ဆွဲဆောင်လျက်ရှိပါသည်။ တရုတ်ရိုးရာယဉ်ကျေးမှုကုန်စည်များလည်း များပြားလှပြီး စားကောင်းသောက်ဖွယ်များလည်း လူကြိုက်များကာ အရောင်းသွက်လှပါသည်။ နိုင်ငံတကာအလှပုံရိပ်နှင့် ရိုးရာယဉ်ကျေးမှုအလှများ ရောစပ်လှပနေသော မြို့ရပ်ကွက် ညဈေးသည် စွဲမက်စရာဖြစ်ပါသည်။
ယခုသီတင်းပတ်ကုန်ပိုင်းတွင် ကူမင်းမြို့ နန်ချန်ဈေးလမ်းညဈေးအား တရားဝင် ဖွင့်လှစ်မည်ဖြစ်သည်။ ပထမအဆင့် စတင်ဖွင့်လှစ်သော ထိုင်းနိုင်ငံဈေးလမ်းသည် စားကောင်းသောက်ဖွယ်များနှင့် ကုန်စည်များဖြင့် တံတားတည်ဆောက်၍ ကူမင်းမြို့သူမြို့သားနှင့် ပြည်တွင်းပြည်ပခရီးသည်များအတွက် သီးခြားလှပသော ထိုင်းနိုင်ငံယဉ်ကျေးမှုကို မိတ်ဆက်ပေးပါသည်။ နွေဦးမြို့ညဘ၀ကို ကြွယ်ဝစေရန်လည်းကောင်း၊ ထူးခြားမှုရှိသော ညပိုင်းစီးပွားရေးကို ထူထောင်ရန်လည်းကောင်း ကူမင်းမြို့ နန်ချန်ဈေးလမ်းသည် ယဉ်ကျေးမှုပါဝင်သော ဈေးကွက်အရင်းအမြစ်ကို တူးဖော်၍ ည၏ မြို့တော်စွမ်းအားကို အဆက်မပြတ် မြှင့်တင်မည်ဖြစ်သည်။ ညပိုင်းစီးပွားရေးစုဆောင်းမှုအကျိုးသက်ရောက်ခြင်းကို အသုံးပြု၍ ညပိုင်းစားသုံးမှုအရည်အသွေးကို မြှင့်တင်ပြီး ညပိုင်းစီးပွားရေးအတွက် အားပေးမည်ဖြစ်သည်။ ခရီးသည်များနှင့် မြို့သူမြို့သားများအတွက် ညပိုင်းဘ၀ဆိုင်ရာစင်မြင့်အသစ်ကို ထူထောင်ပေးပြီး ကူမင်းမြို့ယဉ်ကျေးမှုညဈေးဖြစ်သော ခရီးသွားအမှတ်တံဆိပ်ကို ထူထောင်ရန် ကြိုးစားသွားမည်ဖြစ်သည်။
သတင်းထောက်။ ။ရန်ကျိန်း(ယူနန်ကွန်ရက်)