အောက်တိုဘာလ ၂၄ ရက်နေ့တွင် ယူနန်ပြည်နယ်၏ အတိုင်းအတာအကြီးဆုံး၊ သြဇာအရှိဆုံး နိုင်ငံတကာမော်တော်ယာဉ်ပွဲတော်ဖြစ်သည့် ၂၀၁၉ ကူမင်း နိုင်ငံတကာမော်တော်ယာဉ်ပြပွဲ၊ စွမ်းအင်သစ်မော်တော်ကားနှင့် စမတ်ကားပြပွဲတို့သည် ကူမင်းတျိန်ချီအပြည်ပြည်ဆိုင်ရာပြပွဲစင်တာတွင် ဖွင့်လှစ်ကြောင်းသိရသည်။ မော်တော်ယာဉ် အမှတ်တံဆိပ် ၁၀၂ ခုမှ မော်ဒယ်အမျိုးအစားပေါင်း ၁၀၀၈ မျိုးပါဝင်ပြသကြပြီး မော်တော်ယာဉ်အမျိုးအစားသစ်များကိုလည်း ထပ်မံထုတ်ဖော်ပြသထားသည်။ ပြည်တွင်းပြည်ပစွမ်းအင်သစ်မော်တော်ကားနှင့် စမတ်ကားများမှာ အလွန်ရေပန်းစားလှပါသည်။ ထို့အပြင် ဆန်းသစ်လှပသော ဖျော်ဖြေရေးများတင်ဆက်ပြသခြင်းနှင့် ကုမ္ပဏီမှ လျော့ဈေးများကိုလည်း ပြပွဲတွင် ရရှိနိုင်ခြင်းဖြင့် ခမ်းနားစည်ကားလှပသော မော်တော်ယာဉ်ပြပွဲသည် ယူနန်ပြည်နယ် မော်တော်ယဉ်ဈေးကွက်အတွက် စိတ်အားထက်သန်မှုကို အားသစ်လောင်းပေးကြောင်းသိရသည်။