ဗျိုင်းဖြူများသည် မြစ်ရေပြင်တွင်အစာရှာနေသည်။
အောက်တိုဘာလ၂၅ ရက်နေ့တွင် သတင်းထောက်သည် တာ့ကွမ်းမြစ်ကမ်းဘေးတွင် လမ်းလျှောက်၍ ကူမင်းမြို့ တာ့ကွမ်းမြစ်မှ တာ့ကွမ်းဥယျာဉ်သို့ သွားရာလမ်းဘေးရှိ သစ်ပင်ကြီးငယ်တို့မှ ယူနန်ဟက်ဘာရီပင်အရွက်မှာ ရွှေရောင်တောက်ပနေပြီး တစ်ပင်လုံးလှပနေသည်။ တာ့ကွမ်းမြစ်ပြင်တွင် ရောင်ပြန်ဟပ်နေသော ယူနန်ဟက်ဘာရီပင်အရိပ်များက လမ်းဘေးရှိ အလှနှင့်အတူ မြို့သူမြို့သားများကို ဆွဲဆောင်လျက်ရှိသည်။ ဗျိုင်းဖြူများသည် မြစ်ရေပြင်၌ အစာရှာလိုက်၊ ကမ်းဘေးရှိ ယူနန်ဟက်ဘာရီပင်များဆီသို့ ပျံသန်းလိုက်၊ ကမ်းဘေးမြက်ခင်းမှာ ရပ်နားလိုက် ဖြင့်ရှိနေသည့်မြင်ကွင်းသည် စိတ်ပြေလက်ပျောက်ဖြစ်စေပြီး ရှုခင်းမှာ ပိုမိုလှပနေသည်။ ယူနန်ဟက်ဘာရီပင်များသည် ဝေေ၀ဆာဆာဖြစ်နေပြီး ဆောင်းဦးရာသီမှ ဆောင်းရာသီပြောင်းချိန်များတွင် အစိမ်းရောင်၊ ရွှေရောင်များ ရောစပ်နေသည်မှာ ဖြောင့်စင်းသော လမ်းမအတွက် အလှဆင်ပေးနေတော့သည်။
ဆောင်းဦးအရောင်များရောင်စုံပြောက်ကျိပြောက်ကျားဖြစ်နေပြီး ဆောင်းဦးအလင်းများကြည်လင်လှပါသည်။ အဝေးမှ လှမ်းမျှော်ကြည့်ရာတွင် မြစ်ပြင်၌ ထင်ဟပ်နေသော တံတားငယ်နှင့် လေညှင်းနှင့်အတူ ယိမ်းနွဲ့လှုပ်ရှားနေသော အရွက်များသည် ၀ါစိမ်းရောင်လှိုင်းဂယက်ကဲ့သို့ မြင့်ချည်နိမ့်ချည်ဖြစ်နေသည်။ လေပြေနှင့်အတူ ကြွေကျလာသော အရွက်များသည် ရွှေရောင်လိပ်ပြာကဲ့သို့ လေထဲတွင် ခပ်ကြော့ကြော့ ပျံဝဲကခုန်နေသည်မှာ ဆောင်းရာသီအလင်းရောင်တွင် ပေါ်လွင်နေပါသည်။ ယူနန်ဟက်ဘာရီပင်များသည် ရွှေရောင်အလှရှာသူများအတွက် သာယာလှပသော မြို့ပြအရောင်ကို ဖမ်းယူနိုင်မည်ဖြစ်သည်။
သတင်းထောက်။ ။ လီချိုးမင်(ယူနန်ကွန်ရက်)