လောင်ရင်းတောင် မှန်လမ်းလျောက်လမ်း
မြို့ပြဧရိယာရှိ တောင်တန်းသစ်တောများ၏ မီးဘေးကာကွယ်ရေးကြီးကြပ်စစ်ဆေးရန်၊ သယံဇာတကုန်ခန်းနေသော စီးပွားရေးမြို့၏ အသွင်ပြောင်းမှုကို လေ့လာလွယ်ကူစေရန် ယူနန်ပြည်နယ် ဟွန်ဟယ်ဟားနီလူမျိုးရီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကဲ့ချုပ်မြို့သည် လောင်ရင်းတောင် ရှုခင်းသာရပ်ကွက်ကို ဖွံ့ဖြိုးတိုးတက်စေပြီး မီးသတ်ကာကွယ်တားဆီးရေးအတွက် ဖန်ဖြင့် ဆောက်လုပ်သော မီးသတ်မျှော်စင်--လောင်ရင်းတောင် မှန်လမ်းလျောက်လမ်းကို တည်ဆောက်ပါသည်။ လောင်ရင်းတောင် မှန်လမ်းလျောက်လမ်းကို တောင်တန်းအလိုက်တည်ဆောက်ထားပြီး မြို့ကို မျှော်ကြည့်ရာ အောက်ခြေတွင် အဆောက်အဦးကြီးဖြစ်ပြီး ယာဉ်များ မနားတမ်းသွားလာနေပါသည်။ ကဲ့ချုပ်မြို့တစ်မြို့လုံးကို ရှုစားနိုင်ပြီး ၃၆၀ ဒီဂရီမီးသတ်ရန် ကြီးကြပ်နိုင်ပါသည်။ ထို့အပြင် ကဲ့ချုပ်မြို့၏ သစ်တောရှုခင်းကို ဖော်ဆောင်ပြီး တစ်နိုင်ငံလုံးရှိ မြို့အပေါ်တွင် တည်ဆောက်သော ပထမဦးဆုံးမှန်လမ်းလျောက်လမ်းဖြစ်ပါသည်။ မှန်လမ်းလျောက်လမ်းပေါ် လမ်းလျှောက်ခြင်းသည် မြို့ကောင်းကင်တိမ်တိုက်ထဲတွင် လမ်းလျှောက်နေသကဲ့သို့ ဖြစ်နေသည်မှာ ခရီးသည်များများစွာနှစ်သက်ကြပါသည်။ အဆိုပါစီမံကိန်းသည် ပြည်သူပြည်သားများအတွက် နေထိုင်မှုပတ်ဝန်းကျင်နှင့် အရည်အသွေးပိုမိုမြှင့်တင်ရန်၊ ကဲ့ချုပ်မြို့ရုပ်ပုံလွှာကို မြင့်တင်ပေးရန်၊ ကဲ့ချုပ်မြို့ဆိုင်ရာဇီဝပတ်ဝန်းကျင်ရုပ်ပုံလွှာကို ပြသရန်အတွက်လည်း ထောက်ပံ့နိုင်ပါသည်။
သတင်းပေးပို့သူ။ ။ဟူရမ့်ဟေး(ယူနန်ကွန်ရက်)