ည နေဆည်းဆာဥယျာဉ်အလှကို တွေ့ရစဉ်။
ယူနန်ပြည်နယ်တောင်ပိုင်းဒေသဂေဟစနစ်လုံခြုံရေးအတွက် ဟွန်ဟယ်ဟားနီလူမျိုးရီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ဇီဝဂေဟစနစ်ပတ်ဝန်းကျင်သည် အရေးကြီးသော အစိတ်အပိုင်း ဖြစ်ပါသည်။
လတ်တလောနှစ်ပိုင်းတွင် ဟွန်ဟယ် ဟားနီလူမျိုးရီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ပါတီကော်မတီနှင့် အစိုးရသည် ယူနန်ပြည်နယ် ပါတီကော်မတီမှ ချမှတ်ထားသော“အစိမ်းရောင်ဇီဝဂေဟဖွံ့ဖြိုးသော ပြည်နယ်ခွဲ”ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာလမ်းကြောင်းအရ ဇီဝဂေဟစနစ်ယဉ်ကျေးမှုဆိုင်ရာ စီးပွားရေးတည်ဆောက်ခြင်း၊ နိုင်ငံရေးတည်ဆောက်ခြင်း၊ ယဉ်ကျေးမှုတည်ဆောက်ခြင်း၊ လူမှုအဖွဲ့အစည်းတည်ဆောက်ခြင်းတို့ကို ပေါင်းစပ်ဆောင်ရွက်ပြီး ကောင်းမွန်သော ဇီဝဂေဟပတ်ဝန်းကျင်ဖြင့် ပြည်သူပြည်သားအတွက် အကောင်းဆုံး ၀န်ဆောင်မှုပေးရန် သတ်မှတ်ထားသည်။ မြို့ပြသစ်တောဥယျာဉ်သို့မဟုတ် စွတ်စိုမြေဥယျာဉ်ကို တည်ဆောက်ရန် အင်တိုက်အားတိုက်တွန်းတင်ပြီး သာယာလှပသော တောတောင်ရေမြေအလှရှုခင်းကို မြို့ရွာလူနေမှုပတ်ဝန်းကျင်နှင့်ပေါင်းစပ်ရောနှောထားခြင်းဖြင့် သာယာလှပသော ဇီဝဂေဟပတ်ဝန်းကျင်လိုအပ်ချက်ကို ပြည့်မီရန် စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးပါသည်။
ဟွန်ဟယ်ပြည်နယ်ခွဲမှ တည်ဆောက်ထားသော သစ်တောဥယျာဉ်သို့မဟုတ် စွတ်စိုမြေဥယျာဉ်များသည် “မြို့ပြစိမ်းလန်းသောအဆုတ်များ”နှင့် “မြို့ပြကျောက်ကပ်”ဖြစ်သောအခန်းကဏ္ဍကို သိသာထင်ရှားစွာ မီးမောင်းထိုးပြထားပြီး ဟွန်ဟယ်ပြည်နယ်ခွဲသည် “ဇီဝဂေဟပတ်ဝန်းကျင်သည် ပြည်သူပြည်သားအတွက် သဘာဝပတ်ဝန်ကျင်အကျိုးရှိခြင်း၊ စွမ်းအင်အသုံးပြုမှုရှိခြင်း၊ ဂေဟစနစ်ဝန်ဆောင်မှုရှိခြင်း”ဟူသောသဘောတရားကို စွဲစွဲမြဲမြဲကျင့်သုံးဆောင်ရွက်ခြင်း၏ ပြယုဂ်ကိုလည်း ဖော်ပြနေပါသည်။
သတင်းပေးပို့သူ။ ။ဟူရမ့်ဟေး(ယူနန်ကွန်ရက်)