ယူနန်ဖူကုန့်။ ။ ကန်းပုရွာရှိ လိစူလူမျိုးတို့၏ ဘ၀သစ်

2019-11-07 18:13:19 |သတင်းအရင်းအမြစ် 新华网

နိုဝင်ဘာလ ၂ ရက်နေ့တွင် ယူနန်ပြည်နယ် ဖူကုန့်ခရိုင် လုမာတိန်းကျေးရွာအုပ်စု ကန်းပုရွာမှ ရွာသူဖြစ်သော လိစူလူကြီးနီးစစ်ကျူသည် အထွက်များလှသော ရိတ်သိမ်းရသော Amomumtsao-ko အသီးရှေ့တွင် ရပ်နေပါသည်။ ယူနန်ပြည်နယ် နုကျန်းလိစူလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲဖူကုန့်ခရိုင် လုမာတိန်းကျေးရွာအုပ်စုသည် နုမြစ်အနောက်ဖက်ရှိ တောတောင်အကြားတွင် တည်ရှိပြီး လူဦးရေသိပ်မများလှသော လိစူလူမျိုးများနေထိုင်ကြပါသည်။ ယခင်ကကန်းပုရွာသည် ဆင်းရဲပြီး ခေတ်နောက်ကျကာလမ်းပန်းဆက်သွယ်ရေးမှာ အတော်ပင်ခက်ခဲလှသည်။ အဓိက၀င်ငွေမှာ အပြင်ထွက်စီးပွားရှာခြင်းနှင့် Amomumtsao-ko အသီးစိုက်ပျိုးခြင်းသာဖြစ်ပါသည်။ ရွာသူရွာသား၏ ရေရှည်တည်တံ့ခိုင်မြဲသော ၀င်ငွေတိုးမြင့်စေရန်၊ နေထိုင်မှုပတ်ဝန်းကျင်တိုးတက်စေရန် ပြည်သူ့အစိုးရနှင့် စေတနာပါသော ကုမ္ပဏီလုပ်ငန်းများက ငွေကြေးရင်းနှီးပြီး လမ်းပြုပြင်ပေးခြင်း၊ ကျေးရွာ၏ အသွင်အပြင်ကို တိုးတက်အောင် မွမ်းမံပေးခြင်း၊ ပါတီကော်မတီနှင့် ရွာသူရွာသားများစည်းဝေးခန်းမ၊ ယဉ်ကျေးမှုနှင့် ကိုယ့်လက်လှုပ်ရှားမှုဆိုင်ရာနေရာစသည်တို့ကို တည်ဆောက်ပေးခြင်းဖြင့် ကန်းပုရွာ၏ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ သစ်တောစီးပွားရေးစီမံခန့်ခွဲမှုခက်ခဲခြင်း၊ ပတ်ဝန်းကျင်ဆိုးရွားစွာညစ်ညမ်းမှု စသည့် ပြဿနာများကို ဖြေရှင်းနိုင်ခဲ့ပါသည်။ ယခုအခါ လမ်းများကောင်းမွန်လာပြီး နေထိုင်မှုပတ်ဝန်းကျင်မှာလည်း သာယာချမ်းမြေ့မှုရှိလာပါသည်။ ကန်းပုရွာထွက်လာသော Amomumtsao-ko အသီးသည်လည်း ပေကျင်းမြို့အပါအ၀င်နေရာဒေသအသီးသီးသို့ ပို့ဆောင်ရောင်းချနေရပါသည်။ ၂၀၁၈ ခုနှစ်တွင် ကန်းပုရွာရွာသူရွာသားများ၏ တစ်ဦးချင်းဝင်ငွေမှာ တရုတ်ယွမ် ၆၄၇၆ ယွမ်ရောက်ရှိနေပြီး ဆင်းရဲမွဲတေမှုမှ ချမ်းသာဘ၀သို့သည့် ခိုင်မာသော ခြေလှမ်းများဖြင့်ရှေ့ဆက်ချီတက်နေကြပါသည်။

သတင်းထောက်။ ။ရန်ဇွန်းရုပ်(ဆင်ဟွာသတင်းဌာန)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006