ရှောင်ချာဘာ့သည် သဘာဝသစ်တော၊ မြစ်ရေစီး၊ ချောင်း၊ တောင်အထွတ်အထိပ်၊ ရေတံခွန်၊ ကန်ဘောင်ရိုး၊ ကန်တော်၊ ကျောက်တောသဘာဝရှုခင်းနှင့် မြောင်လူမျိုး၊ ရီလူမျိုးလူမှုရှုခင်းသာများပေါင်းစပ်ဖွဲ့စည်းနေသည်မှာ ခန့်ညားခြင်း၊ ထူးခြားခြင်း၊ ခက်ခဲခြင်း၊ တိတ်ဆိတ်ခြင်း၊ လှပခြင်း၊ ရိုးရှင်းခြင်းခြင့် နာမည်ကျော်ကြားလာပါသည်။ ဤနေရာတွင် သစ်ပင်၊ ဇီဝမျိုးစိတ် မတူကွဲပြားသည်သာမက ရှားပါးတိရိစ္ဆာန်နှင့် ရှားပါးအပင်လည်းများလှပြီး ပိုမိုမြင့်မားသော သစ်ပင်မျိုးဆက်မှာ ၁၂၀၀ ကျော်ရှိကာ တောရိုင်းကျောရိုးရှိသတ္တ၀ါမှာ ၉၆ မျိုးရှိပါသည်။ နိုင်ငံတော်အဆင့် ရှားပါး၍ မျိုးသုန်းမည့်အန္တရာယ်ကာကွယ်စောင့်ရှောက်ထားသော အပင်မှာ၂၉ မျိုးရှိသည်။ ပြည်နယ်အဆင့် ကာကွယ်စောင့်ရှောက်ထားသော အပင်မှာ ၅ မျိုးရှိသည်။ နိုင်ငံတော်အဆင့် ရှားပါးအဖိုးတန်သော သစ်ပင်မျိုးဆက် ၁၀ မျိုးရှိသည်။ နိုင်ငံတော်အဆင့် ကြိုးစားစွာကာကွယ်စောင့်ရှောက်ထားသောတိရိစ္ဆာန် ၁၆ မျိုးရှိပါသည်။