ဆောင်းရာသီတွင် ယူနန်ပြည်နယ် ရီညောင်ခရိုင် ရှောင်ချာဘာ့သည် ရှုခင်းအလွန်လှပပြီး အသာယာဆုံးကာလ ဖြစ်သောကြောင့် သဘာဝရှုခင်းသာများရှုစားရန် မသွားရမနေနိုင်အောင် ဖြစ်နေကြပါသည်။
ရှောင်ချာဘာ့သည် ပြည်နယ်အဆင့်ရှုခင်းသာနေရာဖြစ်ပြီး ကျောင်းထွန်းမြို့၏ နာမည်ကျော်ကြားလှသော ရှုခင်းသာလည်း ဖြစ်ပါသည်။ ဧရိယာမှာ ၁၆၃ စတုရန်းကီလိုမီတာကျယ်ဝန်းပါသည်။ အဆိုပါနေရာတွင် ရေပန်းစားလှသော ရှုခင်းသာများဖြစ်သည့် ချောင်ထျန်းမာ၊ နျူကျောင်ရန် ရေတံခွန်၊ ထျန်းမိန်ကဲရှုသစ်ပင်၊ ရမ်ရန်ကျောက်ထိပ်၊ နတ်သမီးကန်တော်စသည်တို့ ပါဝင်ပြီး သစ်တောဧရိယာသည် စုစုပေါင်းဧရိယာ၏ ၈၇.၆%၀န်းကျင်ဖုံးလွှမ်းလျက်ရှိပါသည်။