ယူနန်ပြည်နယ်၏ ဆောင်းဦးရာသီ
ယူနန်ပြည်နယ်၏ ဆောင်းရာသီနှင့် နွေဦးရာသီကိုနှိုင်းယှဉ်ကြည့်ရှုရာ
မရပ်မနားဖြစ်သောမိုးရာသီသိပ်မရှိပေ
သို့သော်ဆောင်းရာသီထက် ပိုပြီးရောင်စုံလှပနေပါသည်
အရှေ့ဘက်ရှိ မြင့်ချည်နိမ့်ချည်ဖြစ်နေသော ကုန်းပြင်မြင့်မှ
အနောက်ဘက်ရှိ မတ်စောက်လှသော တောင်တန်းများသို့
ဆောင်းဦးလေများက
ယူနန်ပြည်နယ်ကို ရောင်စုံလှပစွာ ဖန်တီးထားပါသည်
မြေမျက်နှာသွင်ပြင်ကို ကြည့်ရာမှာ
ယူနန်ပြည်နယ်ဆိုင်ရာဆောင်းဦးအရောင်သည် အရမ်းလှပနေသည်
နေရောင်ကလှေကားထစ်စိုက်ခင်းပေါ်မှာဖျာကျနေပြီး
ရွှေရောင်အပိုင်းအစများဖြင့် အလှဆင်ထားသည်
မြစ်ရေသည် ကမ်းစပ်တွင် ပျံ့နှံ့သွားသည်
ရေကန်၊ စွတ်စိုမြေ၊ တောင်ထိပ်၊ လယ်ယာမြေ
အကုန်လုံးသည် ရောင်စုံလှပသော အလင်းမှာ တည်ရှိသည်
ရောင်စုံကြွယ်ဝသော တောတောင်ရေမြေပန်းချီကားတစ်ချပ် ရေးဖွဲ့လိုက်တော့သည်
ယူနန်ပြည်နယ်၏ ဆောင်းဦးရာသီက ပြတင်းပေါက်တစ်ခုကဲ့သို့
ဖွင့်ထားပြီးနောက် ပြန်ပိတ်ရန် ခက်ခဲသွားသည်
ရာသီ ၄ ပါးစလုံးက ပြောင်းလဲနေပြီး ဆောင်းဦးရာသီက တိတ်တိတ်လေးထွက်ခွာသွားပြီ
ယူနန်ပြည်နယ်၏ ဆောင်းဦးနဲ့ပတ်သက်ပြီး သင် ဘာတွေ မှတ်မိသေးသလဲ။
တျိန်းချီကန်တော်မှာ နေထွက်ချိန်
တျိန်းချီကန်တော်မှာ ငါးဖမ်းလှေများက နေထွက်ချိန်နှင့်အတူ လုပ်ငန်းစတင်နေစဉ်။ ဓာတ်ပုံကို ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ဟူချောင်းက ရိုက်ကူးသည်။